အဲဟ်လေ့ဘိုက်(သ)
(အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher သတင်းဌာန နှင့် Al Jazeera သတင်းဌာန ၏ အဆိုအရ လက်ဘနွန်တွင် အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ဇီယွန်ဝါဒီအဖွဲ့မှ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်သမား ဝန်ကြီးချုပ် နေတန်ယာဟုက လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေးကို ကက်ဘိနက် အဖွဲ့မှ သဘောတူခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
နေတန်ရဟု မှ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးမှ ချိုးဖောက်ပါက ဟစ်ဘွလ္လာဟ် မှ တိုက်ခိုက်ပိုင်ခွင့် ရှိကြောင်း ဟစ်ဘွလ္လာဟ် မှ ချိုးဖောက်ပါက အစ္စရေးသည် လက်ဘနွန်အဖွဲ့အစည်းကို ပစ်မှတ်ထားမည်ဖြစ်ကြောင်း ဆိုပါတယ်။
ဟစ်ဘွလ္လာဟ် တို့၏ ဆုံးရှုံးမှုများကို ရည်ညွှန်းခြင်းမရှိဘဲ နေတန်ယာဟုက ဟစ်ဘွလ္လာဟ် ကို နှစ်များ နောက်ကျသွားအောင် ပို့လိုက်ပြီး ဖြစ်ကြောင်း ယခုအခါ ဟစ်ဘွလ္လာဟ် သည် အစ္စရေးနှင့် စစ်ပွဲ ထပ်မံ မစတင် နိုင်တော့ သည် အခြေအနေ ဖြစ်ကြောင်း အရှုးစကားကို ပြောကြားခဲ့ပါတယ်။
ပြီးနောက် နေတန်ရဟု မှ အပစ်အခတ်ရပ်စဲရေး၏ ရည်ရွယ်ချက်မှာ အီရန်နိုင်ငံအပေါ် အာရုံစိုက်ရန်ဖြစ်ပြီး စမိမိ စစ်တပ်ကို ပြန်လည် မွမ်းမံ ရန်၊ ဟားမတ်စ်ကို ထောက်ကပ်အောင်ပြုရန် နှင့် ကြံ့ကြံ့ခံခု ခံစစ်မျက်နှာစာများကြား ကွာဟချက်ဖန်တီးရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အပေးအယူကောင်းတစ်ခုက အလုပ်ဖြစ်နိုင်ပြီး အလုပ်ဖြစ်အောင်လုပ်မယ်လို့ အကြိမ်ကြိမ် ၎င်းမှ ပြောကြားခဲ့ပါတယ်။
အီရန်နျူကလီးယားလက်နက်နှင့် ဝေးကွာအောင် တတ်နိုင်သမျှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
နေတန်ယာဟုက ဆီးရီးယားသမ္မတ ပရှားအစဒ် ကို သူမီးနဲ့ကစားနေတာကို သိသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်နှင့် ပတ်သက်၍ ဇီယွန်ဝါဒီ ဓားစာခံများကို လွှတ်ပေးရန် ကတိကဝတ်အတိုင်း ကျွန်ုပ်တို့ ရပ်တည်ကြောင်း မိမိတို့ ၏ ရည်မှန်းချက်တွေ မအောင်မြင်ခင် ဂါဇာမှာ စစ်ပွဲကို အဆုံးသတ်မှာ မဟုတ်ပါကြောင်း ၎င်းက ပြောကြားခဲ့ ပါတယ်။
မှတ်သားစရာအချက်မှာ နေတန်ရဟုသည် ကတိတည်သူ မဟုတ်သည့်အချက် နှင့် အပစ်အခတ်ရပ်စဲမည်ဟု ပြောဆိုတိုင်း နောက်ကွယ် တွင် ယောက်ကျား မပီသသည့် အကြံအစည် ကို အကောင်အထည် ဖော်ဖို့ ရှိကြောင်း သိနိုင်ပါတယ်။ သက်သေ အဖြစ် ပြောရမည် ဆိုလျင် ဟစ်ဘွလ္လာဟ် နှင့်အပစ်အခတ် ရပ်စဲဖို့ ပြောနေရင်း ကုလ အစည်းအဝေးကိုတက်နေချိန် အမေရိကန် နိုင်ငံ အတွင်း ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ကို ယောက်ကျား မပီသ စွာ လုပ်ကြံဖို့ အမိန့်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
ယခုလည်း ဟစ်ဘွလ္လာဟ် အား ရေရှည် ရင်ဆိုင်ရန် မဖြစ်နိုင်တော့သည့်အခါ လက်ဘနွန် နှင့် အပစ်အခတ်ရပ်စဲဖို့ သဘော တူနေခြင်း ဖြစ်ပါတယ်။ ထိုအဓိက အချက်ကို မပြောဘဲ တောင်ပြောမြောက်ပြောလျှောက် ပြောနေခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်နေသူတိုင်း အသိဖြစ်ပါတယ်။
.......................................................
END / 251