၂၆ နိုဝင်ဘာ ၂၀၂၄ - ၂၀:၂၀
မည်ကဲ့သို့သော စကားများသည် အတင်းအဖျင်း အမျိုးအစားထဲတွင်ပါဝင်ပါသနည်း?

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ မည်ကဲ့သို့သော စကားများသည် အတင်းအဖျင်း အမျိုးအစားထဲတွင်ပါဝင်ပါသနည်း?ကိစ္စ နှင့်ပတ်သက် သည့် ရရှီအီ ဥပဒေ ကိစ္စနှင့် ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza News Agency  ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  မှ မည်ကဲ့သို့သော စကားများသည် အတင်းအဖျင်း အမျိုးအစားထဲတွင်ပါဝင်ပါသနည်း?ကိစ္စ  နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ထံမေးထား  သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။

မေးခွန်း

ကျွန်ုပ်တို့ အနေဖြင့် သူတစ်ပါး အကြောင်း နှင့်ပတ်သက်ပြီး စကားပြောကြပါတယ်။ မည်ကဲ့သို့သော စကားများ သည် အတင်းအဖျင်း စာရင်းဝင်ပါသနည်း?

အဖြေ

အတင်းအဖျင်းဆိုသည် မှာ အကြင်မွတ်စလင်မ် တစ်ဦးတစ်ယောက် ၏ နောက်ကွယ်တွင် ၎င်းအား ပြစ်တင် ရှုတ်ချရန် သို့မဟုတ် ၎င်း၏ ချို့ယွင်းချက်များ တင်ပြရန် သို့မဟုတ် ၎င်း၏ လျှို့ဝှက်ထားသော အပြစ် အနာ အဆာများကို ပြောပြရန် ပြောသည့် စကားများကို ခေါ်ဆိုပါသည်။

မှတ်ချက်  ။ ။ ကျနော်တို့ အနေဖြင့် ကျမ်းတော်မြတ် ကုရ်အာန် မှ  မိမိညီနောင် ၏ အသေသားကို စားခြင်းနှင့် တူသည်ဆိုသည့် ဂိုနာဟ် ကို သိလျက်ဖြစ်စေ  သတိမထားမိ၍ ဖြစ်စေ နေ့ည ကျူးလွန်နေကြပါတယ်။ အထူး ရှောင့်ရှားရမည် ဖြစ်ပါတယ်။ သို့သော် အချို့နေရာများတွင် တရားတော်မှ အတင်းအဖျင်း ဖြစ် သောလည်း ပြောခွင့်ပြု ထားပါတယ်။ ဥပမာ မိန်းကလေး တစ်ယောက် နှင့် ယောက်ကျားလေးတစ်ယောက် အိမ်ထောင်ပြု တော့မည့် အချိန် ၎င်းတို့၏ အရှိအတိုင်း သက်ဆိုင်သူ နှင့် အုပ်ထိန်းသူ ကိုတင်ပြခြင်း ဖြစ်ပါတယ်။ လူသိရှင်ကြား တမင်ပေါ်တင် ဂိုနာဟ် လုပ်သူများ အကြောင်း လိုအပ်ချိန် စသည်တို့ ဖြစ်ပါတယ်။ အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် ကျနော်တို့ အား ဤ ဂိုနာဟ်ကြီး အား နေ့ည ၊ အချိန် ပြည့် ရှောင်ကြဥ် နိုင်သည့်စွမ်းအားပေးသနားရန် ဒိုအာပြုရပါမည် ဖြစ်ပါတယ်။ သတိပြု၍လည်း ရှောင်ရှားနိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ပြီးနောက် အတင်းအဖျင်း နှင့်ပတ်သက်သည့် အဲဟ်ကာမ်များ ကိုလည်းလေ့လာပြီး လက်တွေ့ကျင့်သုံးနိုင်ရန် ကြိုးပမ်းရမည် ဖြစ်ပါတယ်။

ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

****************************************************************

END / 251