၂၇ နိုဝင်ဘာ ၂၀၂၄ - ၂၁:၀၀
 လက်ဘနွန်တောင်ဘက်သို့ပြန်ခြင်းမှ ဇီယွန်ဝါဒီများ၏ ခါးသီးမှု / အပစ်အခတ်ရပ်စဲရေးကို ဇီယွန်ဝါဒီအစိုးရ အဘယ်ကြောင့် လက်ခံခဲ့သနည်း?

လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေး စတင်ချိန်နှင့် တပြိုင်နက် တောင်ဘက် ပကာအ် နှင့် ဇာဟီယဟ် ဘေရွတ် ဆင်ခြေဖုံးရပ်ကွက်များ အပါအဝင် ဒေသအသီးသီးမှ စစ်ဘေးရှောင်ပြည်သူများသည် ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ရောက်ရှိ လာကြပါတယ်။ ဤပြန်အလာမှ ဓါတ်ပုံများ ထွက်လာခြင်းသည် ဇီယွန်ဝါဒီများကို နာကျည်း စေခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေး စတင်ချိန်နှင့် တပြိုင်နက် တောင်ပိုင်း ပကာအ်  နှင့် ဇာဟီယဟ် ဘေရွတ်  ဆင်ခြေဖုံးရပ်ကွက်များမှ ဒုက္ခသည်များ အပါအဝင် ဒေသအသီးသီးမှ ဒုက္ခသည်များသည် ၎င်းတို့၏ နေရပ်များ သို့ ပြန်လည်ရောက်ရှိလာကြပါတယ်။

လက်ဘနွန်နှင့် နယ်ချဲ့ ဇီယွန်ဝါဒီတို့ အစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ယနေ့ ဗုဒ္ဓဟူးနေ့ ဘေရွတ်စံတော်ချိန် နံနက် ၄ နာရီ ၊ မြန်မာ စံတော်ချိန် ၈း၃၀ နာရီ တွင် အသက်ဝင်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် ဟစ်ဘွလ္လာဟ် ၏ နိုင်ငံရေးကောင်စီ ၏ ဒုဥက္ကဋ္ဌက အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ လှုပ်ရှားမှုများ၏ ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ယင်းသဘောတူညီချက် နှင့်ပတ်သက် သည့် အစ္စရေးမီဒီယာရှိ စာပိုဒ်အချို့မှာ မှားယွင်းနေကြောင်း ပြောကြားခဲ့ပါတယ်။

မဲဟ်မူဒ် ကမာသီ မှ ဟစ်ဘွလ္လာဟ် သည် နေတန်ယာဟု၏ ကတိများကို မယုံကြည်ဘဲ ၎င်းတို့၏ ထောင်ချောက် ထဲသို့ ကျရောက်မည်မဟုတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

အာရဗီ ၂၁ အစီရင်ခံစာအရ မဲဟ်မူဒ် ကမာသီ မှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် နေတန်ယာဟု၏ လိုက်နာမှုအပေါ် သံသယဖြစ်ရခြင်းအကြောင်းရင်းမှာ ကျွန်ုပ်တို့သည် သူ့ထံမှ အမြဲလှည့်စားခံရခြင်း ကြောင့်ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

ဇီယွန်ဝါဒီ အစ္စရေးစစ်တပ်သည် လက်ဘနွန်စစ်ပွဲတွင် ကျရှုံးခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင်၊ လက်ဘနွန် တောင်ဘက် သို့ ပြန်လည်ရောက်ရှိလာသည့်ပုံများ ကို ဇီယွန်နစ်မီဒီယာက ဟစ်ဘွလ္လာဟ် အတွက် အကြွင်းမဲ့ အောင်ပွဲဟု မှတ်ယူကာ ရေးသားခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲပြီးနောက် လက်ဘနွန်ဘက်ခြမ်းမှ ပေးပို့သော ရုပ်ပုံများအားလုံးသည် တစ်ဖက်ခြမ်းမှ ဒုက္ခသည်များ ၎င်းတို့၏ နေရပ်များသို့ ပြန်ပို့ခြင်းကို ပြသနေသည်။ အကြွင်းမဲ့ အောင်ပွဲလို့ အဓိပ္ပာယ်ရတယ်။ မြောက်ပိုင်းက နေရပ်ပြန်လာတဲ့ အခြေချနေထိုင်သူတွေရဲ့ ပုံတွေကို ဘာကြောင့် မထုတ်ပြန်ကြောင်း ဖြစ်ပါတယ်။

လက်ဘနွန်နှင့် သဘောတူညီချက်နှင့်ပတ်သက်၍ ဇီယွန်ဝါဒီအစိုးရ၏ တီဗီချန်နယ် ၁၂ ၏ စစ်တမ်းအရ၊ ဇီယွန်ဝါဒီများ ၏ ၆၉ ရာခိုင်နှုန်း  က အစ္စရေးသည် ဟစ်ဘွလ္လာဟ် စစ်ပွဲတွင် အနိုင်မရရှိခဲ့ဟု ယုံကြည်ကြပါတယ်။

အပစ်အခတ်ရပ်စဲရေးကို နေတန်ယာဟုက လက်ခံပြီးနောက်၊ ဇီယွန်စစ်အစိုးရ၏ စစ်တပ်သည် ရှမအ် နှင့် သီးရ်ဟရ်ဖာ  ရွာများအပါအဝင် လက်ဘနွန်တောင်ပိုင်းဒေသအချို့မှ ဆုတ်ခွာသွားခဲ့ပြီး လက်ဘနွန်တောင်ပိုင်းရှိ ပြည်သူများ သည် ၎င်းတို့၏မြို့များနှင့် နေရပ်များသို့ ပြန်နေကြပါတယ်။

ကြီးစွာသော အောင်ပွဲ

 

ရိုင်းအလ်ယောင်းမ် ၏ ကျော်ကြားသော အာရပ်လေ့လာသုံးသပ်သူနှင့် မန်နေဂျာ အဗ်ဒိုလ်ပါရီ အသွ်ဝါန် ကလည်း ခွဲခြမ်းစိတ်ဖြာမှုတစ်ခုတွင် သမိုင်းတစ်လျှောက် ပထမဆုံးအနေဖြင့် ဤအောင်ပွဲသည် ဟစ်ဘွလ္လာဟ် ၏ သူရဲကောင်းများမှ ရရှိခဲ့ခြင်းဖြစ်ပါတယ်။ အစ္စရေးမြို့တွေကို ဒုံးကျည် ၃၅၀ ကျော်နဲ့ ထိမှန်ခဲ့ပြီး ဒါဟာ ကြီးကျယ်တဲ့ အောင်ပွဲဖြစ်ပါတယ်။ အစ္စရေးတို့သည် ရေနစ်၍ ရှုံးနိမ့်သောကြောင့် သဘောတူညီချက်ကို အလျင်အမြန် သဘောတူခဲ့ကြပါတယ်။

.......................................................

END / 251