၂၈ နိုဝင်ဘာ ၂၀၂၄ - ၁၈:၅၉
လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲခြင်းသည် ဇီယွန်ဝါဒီအစိုးရအတွက် ဗျူဟာမြောက် ရှုံးနိမ့်မှုဖြစ်ပါတယ် / ဗိုလ်ချုပ် စလာမ်မီ

အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး စလာမ်မီ မှ လက်ဘနွန်တွင် အပစ် အခတ်ရပ်စဲခြင်းသည် ဇီယွန်ဝါဒီအစိုးရအတွက် ဗျူဟာမြောက် ရှုံးနိမ့်မှုဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာန ၏ အစီရင်ခံစာအရ လက်ဘနွန်နှင့် ဇီယွန်အစိုးရကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး  ဟိုစိုင်းန် စလာမ်မီ  မှ ဟစ်ဇ်ဘိုလာအဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် H.I ရှိက်ခ် နအီးမ် ကာစင်မ်    အား ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။

အပစ်အခတ်ရပ်စဲရေးသည် ဇီယွန်ဝါဒီအစိုးရအတွက် ဗျူဟာမြောက် အရှက်ရစေသည့် ရှုံးနိမ့်မှုဖြစ်ကြောင်း လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲခြင်းသည် ဂါဇာတွင် စစ်ပွဲကို အဆုံးသတ်နိုင် ကြောင်း ဗိုလ်ချုပ်ကြီး  ဟိုစိုင်းန် စလာမ်မီ  မှ  မိမိ ၏ သဝဏ်လွှာတွင် ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး စ်ဟစ်ဘွလ္လာဟ် သည် လက်ဘနွန်တောင်ပိုင်းတွင် ဇီယွန်ဝါဒီအစိုးရကို သတ္တိရှိရှိ ခုခံခြင်းဖြင့် ဇီယွန် အစိုးရ ၏ နှာခေါင်းအား မြေကြီး နှင့် ပွတ်တိုက် ခဲ့ကြောင်း ဤအောင်မြင်မှုသည် အာဇာနည်များ၏ သန့်ရှင်းသည့် သွေးများ ၊ လက်ဘနွန်လူမျိုးများ၏ စိတ်ရှည်မှု နှင့်  မိုဂျာဟစ်ဒ်ီုးန် များ ၏ ရဲစွမ်းသတ္တိ နှင့် စတေး မှု တို့ကြောင့် ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။

ထပ်လောင်း၍ လက်ဘနွန်တောင်ပိုင်းတွင် အင်အားအပြည့်သုံးသော်လည်းနယ်ချဲ့ ဇီယွန်ဝါဒီအစိုးရသည် မိမိ ၏ပန်းတိုင် အနီး သို့ပင် မရောက်နိုင်ခဲ့ ကြောင်း ဤအပစ်အခတ်ရပ်စဲရေးသည် ဂါဇာစစ်ပွဲအဆုံးသတ်ရေးကိစ္စ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်စလာမ်မီ က ဤကြီးစွာသော အောင်ပွဲနှင့် အောင်မြင်မှု အခါသမယတွင် ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ်  ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၊ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် နှင့် အခြားသော တော်လှန်ရေး အာဇာနည်များကို အလေးပြုကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးနောက် အမြဲလိုလို အီရန်ပြည်သူများသည် ပါလက်စတိုင်းနှင့် လက်ဘနွန်တို့၏ ခုခံမှုနှင့်အတူ ရှိနေကြပြီး ဤသန့်ရှင်းသောလမ်းစဉ်တွင် မည်သည့် အားထုတ်မှုကိုမျှ ပြုလုပ်ကြဖို့ နောက်ဆုတ် ကြမည် မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး  ဟိုစိုင်းန် စလာမ်မီ  မှ ပြောကြားခဲ့ပါတယ်။

.......................................................

END / 251