အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ နမာဇ်ရှေ့ဆောင်ဆရာ ကေရာ အသ် အမှား ဖတ်နေလျင် နောက်လိုက် ၏မည်သည့် တာဝန် ရှိပါသနည်း? ကိစ္စ နှင့်ပတ်သက် သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ ထံမေးထား သည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။
မေးခွန်း
မုခ်သဒီ( မာမူန် ၊နမာဇ် လိုက်ဖတ်သူ) သည် နမာဇ် ဖတ်နေစဥ် အတွင်း နမာဇ် ရှေ့ဆောင်ဆရာ (အေမာမ်မေ ဂျမာအသ် ) ၏ကေရာအသ် တွင် အချို့ စကားလုံးများ မှ အသံထွက်မှား နေသည်ကို သတိပြုမိပါကထိုအချိန်တွင် ၎င်း ၏တာဝန်မှာ အဘယ်သို့ လာရှိပါသနည်း?
အဖြေ
မုခ်သဒီ( မာမူန် ၊နမာဇ် လိုက်ဖတ်သူ) အနေဖြင့် နမာဇ် ရှေ့ဆောင်ဆရာ (အေမာမ်မေ ဂျမာအသ် ) အား မိမိ နမာဇ် လည်း မပျက် အောင် အေမာမ် မေဂျမာအသ် လည်း ပြင်လို့ရအောင် နည်းဖြင့် သတိပေးရမည် ဖြစ်ပါသည်။ အကယ်၍ ဤကဲ့သို့ မဖြစ်နိုင်လျင် သို့မဟုတ် အေမာမ် မေ ဂျမာအသ် အနေဖြင့် မိမိ ၏ အမှား အား မပြင်လျင် မုခ်သဒီ( မာမူန် ၊နမာဇ် လိုက်ဖတ်သူ) အနေဖြင့် သီးသန့် (ဖိုရာဒါ နီယသ် ) ပြုပြီး ကိုယ်တိုင် ကေရာအသ် ပြုရမည် ဖြစ်ပါသည်။
မှတ်ချက် ။ ။ ကျနော်တို့ အနေဖြင့် မုခ်သဒီ( မာမူန် ၊နမာဇ် လိုက်ဖတ်သူ) အနေဖြင့် နမာဇ် ရှေ့ဆောင်ဆရာ (အေမာမ်မေ ဂျမာအသ် ) အား မိမိ နမာဇ် လည်း မပျက် အောင် အေမာမ် မေဂျမာအသ် လည်း ပြင်လို့ရအောင် နည်းဖြင့် သတိပေးရမည့်နည်း ကို လက်တွေ့ မိမိတို့ အနီးအနားရှီ အာလင်မ်များထံ သင်ယူထား ရပါမည်။ ဤအတွက် ကေရာအသ် ကို မိမိကိုယ်တိုင် ကျွမ်းကျင်စွာတတ် မြောက်ဖို့ လည်း လိုပါတယ်။
ရှရီအီဥပသေများကို လိုက်က်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251