၁ ဒီဇင်ဘာ ၂၀၂၄ - ၀၈:၀၁
ဆီးရီးယား ၏ အိမ်နီးချင်းများ သတိထား သင့်ပါတယ် / ဆီးရီးယား အစိုးရ နှင့် ပြည်သူ့ အတွက် အီရန်၏ ထောက်ခံမှု

အကြမ်းဖက်အဖွဲ့ သက္က်ဖီးရီ အဖွဲ့များ၏ လုပ်ဆောင်ချက်အသစ်များသည် အမေရိကန်နှင့် တရားမဝင်သော ဇီယွန်ဝါဒီအစိုးရ၏ အစီအစဉ်တစိတ်တပိုင်းဖြစ်ကြောင်းနှင့် ဆီးရီးယား၏ အိမ်နီးချင်းများသည် ၎င်းတို့၏ ရည်မှန်းချက် ထောင်ချောက်များ ထဲ သို့ မကျရောက်စေရန် သတိပြုသင့်ကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် မှ ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ  မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် မှ ဆီးရီးယားတွင် လတ်တလောဖြစ်ရပ်များကို ရည်ညွှန်းပြီး ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် “အကြမ်းဖက်အဖွဲ့ သက္က်ဖီးရီ  ၏ လုပ်ဆောင်ချက်အသစ်များသည် အမေရိကန်ပြည်ထောင်စု နှင့် တရားမ၀င် ဇီယွန်ဝါဒီအစိုးရ ၏ အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း  ၊ ဆီးရီးယား၏ အိမ်နီးချင်းများသည် ၎င်းတို့၏ ထောင်ချောက်များ ထဲသို့ မကျရောက်စေရန် ဂရုပြုသင့်ကြောင်း " ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ နှင့် ကြံ့ကြံ့ခံ ခုခံရေးတပ်ဦးတို့သည် ဇီယွန်ဝါဒီအစိုးရကို အနိုင်ယူပြီးနောက် ဤ ပူးပေါင်းကြံစည်မှုအသစ်ကို တော်လှန် ရန် ဆီးရီးယားအစိုးရနှင့် ပြည်သူများ ကို ထောက်ခံ ပေးမည် ဖြစ်ကြောင်း  ပြောကြားခဲ့ပါတယ်။

.......................................................

END / 251