အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ပါလီမန် ဥက္ကဋ္ဌ မုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ် မှ ဆီးရီးယားတွင် လတ်တလောဖြစ်ရပ်များကို ရည်ညွှန်းပြီး ၎င်း၏လူမှုကွန်ရက်မီဒီယာတွင် “အကြမ်းဖက်အဖွဲ့ သက္က်ဖီးရီ ၏ လုပ်ဆောင်ချက်အသစ်များသည် အမေရိကန်ပြည်ထောင်စု နှင့် တရားမ၀င် ဇီယွန်ဝါဒီအစိုးရ ၏ အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း ၊ ဆီးရီးယား၏ အိမ်နီးချင်းများသည် ၎င်းတို့၏ ထောင်ချောက်များ ထဲသို့ မကျရောက်စေရန် ဂရုပြုသင့်ကြောင်း " ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ နှင့် ကြံ့ကြံ့ခံ ခုခံရေးတပ်ဦးတို့သည် ဇီယွန်ဝါဒီအစိုးရကို အနိုင်ယူပြီးနောက် ဤ ပူးပေါင်းကြံစည်မှုအသစ်ကို တော်လှန် ရန် ဆီးရီးယားအစိုးရနှင့် ပြည်သူများ ကို ထောက်ခံ ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251