၂ ဒီဇင်ဘာ ၂၀၂၄ - ၁၀:၃၂
ဆီးရီးယား နိုင်ငံ တွင် သက္က်ဖီးရီ အကြမ်းဖက်သမားများသည် အစ္စရေးထံမှ ကာကွယ်ရေး အတွက် အကူ အညီ တောင်းခံ

ဇီယွန်ဝါဒီလေ့လာသူ Mordechai Kedar က ဆီးရီးယားရှိ သက္က်ဖီးရီ အကြမ်းဖက်သမားများသည် ဇီယွန်ဝါဒီ အစိုးရထံမှ ကာကွယ်ရေးအကူအညီများ တောင်းခံထားကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယားနိုင်ငံ အလက်ပို (ဟလဗ် ) နှင့် အဒလစ်ဗ် ပြည်နယ်များရှိ သက္က်ဖီးရီ  အကြမ်းဖက်သမားများသည် ဆီးရီးယား အစိုးရကို တော်လှန်ပုန်ကန်မှုစတင်ခြင်းဖြင့် ၎င်းတို့၏တိုက်ခိုက်မှုများကို တိုးမြှင့် လုပ်ဆောင် လာခဲ့ကြောင်း Maher News Agency မှ Al-Mayadeen ၏ ပြောကြားချက်ကို ကိုးကားဖော်ပြ ပါတယ်။ လေ့လာ သူများ ၏အဆိုအရ သက္က်ဖီးရီများ  ကို အမေရိကန်နှင့် ဇီယွန်ဝါဒီအစိုးရတို့ က ကူညီ ထောက်ခံ နေကြောင်း သိရပါ တယ်။

ဇီယွန်ဝါဒီဝေဖန်သူ Mordechai Keder က သက္က်ဖီးရီ အကြမ်းဖက်သမားများသည် ဆီးရီးယားစစ်တပ်ကို တိုက်ခိုက်ရန် အတွက် ဇီယွန်အစိုးရထံမှ ကာကွယ်ရေးအကူအညီများ တောင်းခံခဲ့ကြောင်း ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းရေးရာ ကျွမ်းကျင်သူ Keder က ဆီးရီးယားရှိ အစ္စရေးသံရုံးကို ထူထောင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု အကြမ်းဖက်အဖွဲ့ခေါင်းဆောင်များက ဇီယွန်အစိုးရအား ပြောကြားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းများသည် ယင်းကိစ္စနှင့်ပတ်သက်၍ ဇီယွန်ဝါဒီအစိုးရနှင့် အဆက် မပြတ် ဆက်သွယ်နေကြောင်း သိရပါတယ်။

သက္က်ဖီးရီများ သည် ဆီးရီးယားစစ်တပ်နှင့် တိုက်ခိုက်ရန် လိုအပ်သော လက်နက်အမည်များပါရှိသည့် လက်နက်များ စာရင်းကို တဲလ်အဗစ်အာဏာပိုင်များအား ပေးအပ်ခဲ့ပြီး တောင်းဆိုထား ကြောင်း အရှေ့ အလယ် ပိုင်း ရေးရာ ကျွမ်းကျင်သူ Keder  က ပြောကြားခဲ့ပါတယ်။

.......................................................

END / 251