အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သဲဟ်ရီးရွန်ရှ်ရှမ်း (ယခင် ဂျစ်ဗ်ဟသွန်နိုစ်ရဟ်) အဖွဲ့ အကြမ်းဖက်သမား အဖွဲ့ နှင့် နှင့် ၎င်း၏ မဟာမိတ်များ အပါအဝင် လက်နက်ကိုင် အတိုက်အခံ အဖွဲ့များသည် ဗရှားရ် အစဒ် ဦးဆောင်သော ဆီးရီးယား နိုင်ငံ အစိုးရ ပြုတ်ကျကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
ဒီထုတ်ပြန်ချက်မှာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ လူပုဂ္ဂိုလ်အားလုံးဟာ ဆီးရီးယားနိုင်ငံရဲ့ စည်းလုံး ညီညွတ်မှုနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းထားဖို့၊ နိုင်ငံသားအားလုံးနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့၊ လွတ်လပ်မှုနဲ့ တရားမျှတမှုကို အခြေခံတဲ့ အစိုးရကို ပြန်လည်တည်ဆောက်ရေး၊ ဆီးရီးယား ပြည်သူတွေအပေါ် ရာဇ၀တ်မှုတွေ ကျူးလွန်နေသူတွေ အားလုံးကို အရေးယူနိုင်ဖို့ ပူးပေါင်းပါဝင်ပေးကြဖို့ လို ဆိုထားပါတယ်။
ဆီးရီးယား ဝန်ကြီးချုပ်ဟောင်း မိုဟမ္မဒ် ဃာဇီ ယိုလ် ဂျလာလီ သည် မိမိ ၏နေအိမ်တွင် မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပြီး တနင်္ဂနွေနေ့နံနက်ပိုင်းတွင် ဒမတ်စကတ် မြို့ ရှိ ဝန်ကြီးချုပ်၏ အဆောက်အအုံတွင် ရောက်ရှိလာမည်ဖြစ်ပြီး အာဏာလွှဲပြောင်းပေးအပ်ရန် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင် မည် ဖြစ်ကြောင်း သိရှိရပါတယ်။
သဲဟ်ရီးရွန်ရှ်ရှမ်း (ယခင် ဂျစ်ဗ်ဟသွန်နိုစ်ရဟ်) အဖွဲ့ အကြမ်းဖက်သမား အဖွဲ့ ခေါင်းဆောင် အဲဟ်မဒ် အရှ်ရှရာအ် ကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်မှာ - ဒမတ်စကတ်မြို့ရှိ စစ်ဘက်တပ်ဖွဲ့များအားလုံးသည် ယခင်ဝန်ကြီး ချုပ်ဟောင်း၏ ကြီးကြပ်မှုအောက်တွင် တရားဝင် မရောက်သေးမခြင်း ကျန်ရှိနေသည့် အစိုးရ အဖွဲ့အစည်းများ ထံ ချဉ်းကပ်ရန် တားမြစ်ထားသည့်အပြင် လေပေါ်တွင် သေနတ်ပစ်ခြင်းကို လည်း တားမြစ်ထား ကြောင်း ဖြစ်ပါတယ်။
တစ်ဖက်တွင်မူ ဆီးရီးယားသမ္မတ ဗရှားရ် အစဒ် ဒမတ်စကတ် မပြိုလဲမီ အမည်မသိနေရာတစ်ခုသို့ ထွက်ခွာ သွားခဲ့ ကြောင်း သိရပါတယ်။ ဗရှားရ် အစဒ် တင်ဆောင်လာသော လေယာဉ်သည် Homs ပြည်နယ်တွင် ပျောက်ဆုံး သွားသည်ဟု မီဒီယာအချို့က ဆိုကြပြီး အချို့သော မီဒီယာများကမူ ဆီးရီးယား ပိုင်နက်အပြင်ဘက်သို့ ရောက်ရှိ သွားသည်ဟု ဆိုကြကြောင်း သိရပါတယ်။
အလ်အာလန်မ် သတင်းချန်နယ်၏ အစီရင်ခံစာအရ ဆီးရီးယားအစိုးရကို ဆန့်ကျင်သည့် လက်နက်ကိုင် အဖွဲ့များ သည် မြို့တော် ဒမတ်စကတ်သို့ ဝင်ရောက်ခဲ့ပြီး အမျိုးသား ရေဒီယိုနှင့် ရုပ်မြင်သံကြား အဖွဲ့အစည်း တည်ဆောက် မှု ကို ထိန်းချုပ်နိုင်ခဲ့သည် ဟုဆိုထားပါတယ်။ ပြီးနောက် လက်နက်ကိုင် အတိုက်အခံများသည် ဒမတ်စကတ် သို့ ဝင်ရောက်ပြီး အစိုးရ ကာကွယ်ရေး တပ်ဖွဲ့များ မရှိတော့သည့်နောက်၊ ဒမတ်စကတ် လေဆိပ်ကို လည်း အတိုက်အခံများက သိမ်းပိုက်ခဲ့ပြီး လေယာဉ် ခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။
တစ်ဖက်မှာလည်း ဆီးရီးယား ဝန်ကြီးချုပ်ဟောင်း မိုဟမ္မဒ် ဃာဇီ ယိုလ် ဂျလာလီ က ဆီးရီးယားမှာ ခေတ်သစ်တစ်ခု စတင်မယ်လို့ မျှော်လင့်ကြောင်း ဆီးရီးယားဟာ ဆီးရီးယားနိုင်ငံတစ်ခုလုံးနဲ့ သက်ဆိုင်ကြောင်း ဆီးရီးယားဟာ ကျွန်တော့်ရဲ့ အိမ် ဖြစ်ကြောင်း အသွင်ကူးပြောင်းရေး အစိုးရကို ဦးဆောင်ရန် ဤနေရာ၌ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251