အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News အစီရင်ခံစာ အရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က မကြုံစဖူးစစ်ဆင်ရေးတစ်ခုတွင် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် သိမ်းပိုက်ထားသော ယာဖါ မြို့တောင်ဘက်ရှိ ယဖ်နဟ် ရှိ အရေးကြီးပစ်မှတ်တစ်ခုကို ဒရုန်းဖြင့် ပစ်မှတ်ထားခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
ဆက်လက်ပြီး ပါလက်စတိုင်း ခုခံရေးအတွက် ပဉ္စမအဆင့် ထောက်ပံ့မှု အခြေအနေတွင် ဤစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း ထောက်ပြပြီး ယီမင် လက်နက်ကိုင် တပ်ဖွဲ့များသည် ၎င်းတို့၏ နိုင်ငံအပေါ် အစ္စရေး၏ ရန်လိုမှုမှန်သမျှကို မကြုံစဖူး စစ်ရေး စစ်ဆင်ရေးများဖြင့် တန်ပြန်သွားမည်ဟု ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းနိုင်ငံအား ထောက်ခံအားပေးသည့် စစ်ဆင်ရေးသည် ဂါဇာကမ်းမြောင်ဒေသကို ရန်လိုမှုနှင့် ဝိုင်းရံ ထားမှု ပြီးဆုံးသည်အထိ ရပ်တန့်သွားမည်မဟုတ်ကြောင်း ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ထပ်လောင်း ပြောကြား ခဲ့ပါတယ်။
.......................................................
END / 251