အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News နှင့် အလ်အာလန်မ် သတင်းဌာန ၏ အစီရင်ခံ စာ အရ ဆီးရီးယားနိုင်ငံ လာဇကီယဟ် နှင့် သွရ်သူစ် ဒေသများတွင် ကြီးမားသော ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
ဤအစီရင်ခံစာအရ၊ လာဇကီယဟ် နှင့် သွရ်သူစ် ဒေသများ ရှိ ဆီးရီးယားစစ်တပ်၏ စခန်းများနှင့် စခန်းများပေါ်တွင် အကြမ်းဖက် ယွန်အစိုးရ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါ ပေါက်ကွဲမှုများ ကြား ရခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။
ဆီးရီးယား၏ မဟာဗျူဟာမြောက် လက်နက်သိုလှောင်ရုံများ၊ စစ်လေယာဉ်များ၊ စစ်သင်္ဘောများ၊ လေယာဉ် ကွင်း များ၊ တင့်ကားများနှင့် ဒုံးကျည်များ အများစုကို ဖျက်ဆီးပစ်ခဲ့ကြောင်း ဇီယွန်ဝါဒီစစ်တပ်က အစောပိုင်း က ကြေညာထားချိန်တွင် ဆီးရီးယားနိုင်ငံရှိ နေရာအသီးသီးတွင် လေကြောင်းတိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်းဖြစ် ပါတယ်။
လွန်ခဲ့သည့် ရက်အနည်းငယ်က တိုက်ခိုက်မှုများအတွင်း ဆီးရီးယားရှိ မဟာဗျူဟာနှင့် လက်နက်သိုလှောင်ရုံများ အားလုံးကို ဖျက်ဆီးပစ်ခဲ့ကြောင်း အကြမ်းဖက် ဇီယွန်စစ်တပ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗရှားရ် အစဒ် အစိုးရ ပြုတ်ကျပြီးနောက်တွင် ၎င်း၏ စစ်လေယာဉ်များသည် လေကြောင်း တိုက်ခိုက်မှု သုံးရာငါးဆယ် ထက်မနည်း ပြုလုပ်ခဲ့ကြောင်း ဇီယွန်ဝါဒီစစ်တပ်က ကြေညာခဲ့ပါတယ်။
ဇီယွန်အစိုးရ၏ လုံခြုံရေးအရာရှိတစ်ဦး၏ ပြောကြားချက်အရ ဇီယွန်အစိုးရသည် ဗရှားရ် အစဒ် အစိုးရ ပြုတ်ကျသွားပြီးနောက် ဆီးရီးယားရှိ စင်တာပေါင်း လေးရာကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဇီယွန်ဝါဒီစစ်တပ်၏ ကြေငြာချက်အရ ဆီးရီးယားကို တိုက်ခိုက်ရာတွင် ဆီးရီးယားလေတပ်၏ အခြေစိုက် စခန်းများနှင့် ဒမတ်စကတ်မြို့ ဟွမ်စ် မြို့ ၊ သွရ်သူစ် ၊ သွဒ်မရ် အခြားဒေသများရှိ လက်နက် စက်ရုံများ အားလုံးကို ဖျက်ဆီးပစ်ခဲ့ကြောင်း သိရပါတယ်။
ဆီးရီးယားတွင် ဗရှားရ် အစဒ် ကျဆုံးပြီးနောက် ချက်ချင်းဆိုသလိုပင် အစ္စရေးစစ်တပ်သည် ဆီးရီးယားကို မြေပြင်နှင့် လေကြောင်းတိုက်ခိုက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ကြောင်း သတိပြုသင့် ပါတယ်။
.......................................................
END / 251