၁၁ ဒီဇင်ဘာ ၂၀၂၄ - ၁၈:၄၅
သက္က်ဖီးရီ အကြမ်းဖက်သမားများသည် ဟာဖေဇ်ဇိုလ် အစဒ် ၏သင်္ချိုင်းကို မီးရှို့  + ဗီဒီယို

Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ သည် သက္က်ဖီးရီ အဖွဲ့ ဆီးရီးယား သမ္မတ ဟောင်း ဟာဖေဇ် ဇိုလ် အစဒ် ၏ အုတ်ဂူအား မီးရှို့ခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ သက္က်ဖီးရီ အဖွဲ့  သည် ဆီးရီးယား သမ္မတ ဗရှားရ် ရိုလ် အစဒ် ၏ ဖခင် ဆီးရီးယား သမ္မတ ဟောင်း ဟာဖေဇ် ဇိုလ် အစဒ် ၏ အုတ်ဂူအား မီးရှို့ခဲ့ကြောင်း Maher News Agency မှ Sputnik သတင်းဌာနကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

အစီရင်ခံစာအရ လက်နက်ကိုင် သက္က်ဖီးရီ အကြမ်းဖက်သမားများက သမ္မတဟောင်း ဟာဖေဇ် အစဒ် ၏ အုတ်ဂူကို မီးရှို့ခဲ့သည့် ဓာတ်ပုံများကို အလ်ကရာဒဟ် မြို့ရှိ လာဇကီယဟ် တွင် ထုတ်ပြန်ခဲ့ပါတယ်။

ဒမတ်စကတ်နှင့် ၎င်း၏ဆင်ခြေဖုံးရပ်ကွက်များအပြင် လာဇကီယဟ် မြို့တွင် အစိုးရနှင့်ပုဂ္ဂလိကပိုင်ပစ္စည်းများ ခိုးယူခံရကြောင်း ဆီးရီးယားစစ်တပ်သတင်းရင်းမြစ်တစ်ခုက Sputnik သို့ ပြောကြားခဲ့ပါတယ်။

အဘူမိုဟမ္မဒ် အလ်ဂျောင်လာနီ နှင့် ၎င်း ၏ အဖွဲ့ Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အား အစ္စလာမ် မိုဂျာဟစ်ဒ်များ ၊ ဘာသာပေါင်းစုံ ကို အတူ လက်တွဲပြီး လျှောက်မည်ဖြစ်ကြောင်း ပြောနေကြသည့် မွတ်စလင်မ်များ အခုလောက်ဆိုလျင် သဘောပေါက်လောက်ပြီး ထင်ပါတယ်။ အစ္စလာမ် ဘာသာသည် ကွယ်လွန်သူ ၏ အလောင်းကို အခုလို စော်ကားခွင့် မပြုထားသည့် အတွက်ကြောင့် ဖြစ်ပါတယ်။

.......................................................

END / 251