၁၂ ဒီဇင်ဘာ ၂၀၂၄ - ၀၈:၄၆
ဆီးရီးယား တွင် လွန်ခဲ့သည့် နှစ်ပတ်အတွင်း အရပ်သား ၇၅ ဦးထက်မနည်း သေဆုံး / ကုလသမဂ္ဂ

ပြီးခဲ့သော သီတင်းနှစ်ပတ်အတွင်း ဆီးရီးယားတွင် အရပ်သား ရာနှင့်ချီ ဒဏ်ရာရခဲ့ပြီး အနည်းဆုံး လူ ၇၅ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News အစီရင်ခံ စာအရ  နိုဝင်ဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၈ ရက်အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် ကလေး ၂၈ ဦးနှင့် အမျိုးသမီး ၁၁ ဦး အပါအဝင် အရပ်သား ၇၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။  ထိုပြင် ကလေးငယ် ၁၀၆ ဦးနှင့် အမျိုးသမီး ၅၆ ဦး အပါအဝင် အခြားလူ ၂၈၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါယ်။

ဆီးရီးယားရှိ လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှု အခြေအနေ မတည်မငြိမ် ဖြစ်နေကြောင်း ကုလ သမဂ္ဂ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

.......................................................

END / 251