၁၃ ဒီဇင်ဘာ ၂၀၂၄ - ၀၉:၂၀
နေတန်ယာဟုသည် ဒုံးကျည် ကာကွယ်ရန်ပြုထားသည့် မြေအောက်ခန်း ၏ တရားရုံးတွင် အမှုရင်ဆိုင်

အကြမ်းဖက် ဇီယွန်ဝါဒီ အစိုးရ၏ ဝန်ကြီးချုပ် နေတန်ယာဟုအား ဒုံးကျည် ကာကွယ်ရန်ပြုထားသည့် မြေအောက် ခန်း ၏ တရားရုံးတွင် ဒုတိယနေ့ အဖြစ် ဆက်တိုက် တရားရင်ဆိုင် နား ကြားနာမှု ကို ပြုလုပ်ခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News    အစီရင်ခံစာ အရ ဇီယွန်နစ်မီဒီယာက နယ်ချဲ့ အကြမ်းဖက် အစိုးရ၀န်ကြီးချုပ် နေတန်ယာဟု အား အား ဒုံးကျည် ကာကွယ်ရန်ပြုထားသည့် မြေအောက် ခန်း ၏ တရားရုံးတွင် ဒုတိယရက်ဆက်တိုက် ရောက်ရှိ ခဲ့ပြီး အမှု ရင်ဆိုင် ခဲ့ကြောင်း အမှုမှာ ငွေကြေး အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ ရုံးတင်စစ်ဆေးခဲ့ ကြောင်း ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ စစ်ရာဇ၀တ်မှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ ဇီယွန်ဝါဒီ ၀န်ကြီးချုပ်ကို Hall 512 လို့ လူသိများတဲ့ နေတန်ယာဟုအား ဒုံးကျည် ကာကွယ်ရန်ပြုထားသည့် မြေအောက် ခန်း မမှာ အင်္ဂါနေ့က ရုံးတင် စစ်ဆေးခံ ခဲ့ရပါတယ်။ ရာဇ၀တ် သမား ဇီယွန်နစ်ဂိုဏ်းခေါင်းဆောင်များကို စစ်ဆေးမေးမြန်းရန် ဤခန်းမကို အသုံးပြုခဲ့ခြင်း ဖြစ်ပါတယ်။

ဇီယွန်ဝါဒီအစိုးရ ထူထောင်ပြီးနောက်ပိုင်း ဝန်ကြီးချုပ်တစ်ဦးသည် ၎င်း၏ ဝန်ကြီးချုပ်သက်တမ်းအတွင်း ငွေကြေးအဂတိလိုက်စားမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ တရားရုံးတွင် တရားစွဲဆိုခြင်းခံရသည့် ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

သံဝေဂ ယူစရာအချက်မှာ သူတစ်ပါး ၏ အသက် ၊  အပြစ်မဲ့ပြည်သူများ ၏ အသက်များ၊  ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ ၏ အသက်များ ကို အနည်းငယ်လေးမျှ မသက်ညာသည့် ကိုယ်ချင်း မစာတတ် သည့် အကြမ်းဖက် သမား  ဝန်ကြီး နှင့် အဖွဲ့ သည် မိမိတို့ အသက် များကို ကြတော့ သေရမှာ ကို အသေကြောက်ပြီး ဒုံးကျည် ကာကွယ်ရန်ပြုထားသည့် မြေအောက် ခန်းတွင် ပြုလုပ်ထားသည့် တရားရုံး တွင် တရား ရင်ဆိုင် ကြခြင်း ဖြစ်ပါတယ်။

.......................................................

END / 251