ဆီးရီးယားရှိ Hayat Tahrir al-Sham (HTS) ဟိုင်အသ် သဲဟ်ရီးရွန်ရှ်ရှမ်း အကြမ်းဖက် အဖွဲ့ ခေါင်းဆောင် အဲဟ်မဒ် အရှ်ရှရာ ကျော်ကြား အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ က အမေရိကန်ကျောထောက်နောက်ခံပြု ဆီးရီးယား ကာ့ဒ်ဒီမိုကရက်တစ်တပ်ဖွဲ့ကို သတိပေးခဲ့ကြောင်း Maher သတင်းဌာနက ရုရှားသတင်းကို ကိုးကားပြီး ဖော်ပြ ထားပါတယ်။
အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ ခြိမ်း ခြောက် ပြီး ရွေး ချယ်စရာနှစ်ခုသာရှိ ကြောင်း တစ်ခု မှာ ဆုတ်ခွာခြင်း သို့မဟုတ် စစ်ရေးစစ်ဆင်ရေး ကို ရင်ဆိုင် ခြင်း ဖြစ်ကြောင်း စစ်ရေးစစ်ဆင်ရေး လုပ်လျင် မည်သူမျှ ကျန် မည် မဟုတ် ကြောင်း ပြောကြားခဲ့ပါတယ်။
အစောပိုင်းတွင် SDF တပ်ဖွဲ့၏ တပ်မှူး မဇ်လူးမ်အဗ်ဒီ က အဆိုပါတပ်ဖွဲ့များသည် အမေရိကန်တပ်ဖွဲ့များ၏ ကြီးကြပ် မှုအောက်တွင် ကိုပါနီ တွင် လက်နက်ကင်းစင်ဇုန်တစ်ခု ဖန်တီးရန် အသင့်ဖြစ်နေပြီဟု ကြေညာခဲ့ ပါတယ်။
ဆီးရီးယားမြောက်ပိုင်းရှိ နယ်မြေများကို ထိန်းချုပ်မှုသည် အမေရိကန် ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့များ လက်ထဲတွင် ရှိနေကြောင်း သတိပြုသင့်ပါတယ်။
တစ်ချိန်တည်းမှာပင် တူရကီသည် ဆီးရီးယားရှိ ကာ့ဒ်တို့၏ တည်နေရာများကို တိုက်ခိုက်ခဲ့ကြပါတယ်။
ဗရှားရ် အစဒ် အစိုးရ ပြီးဆုံးပြီးနောက် ဆီးရီးယားတွင် အကြမ်းဖက်သမားများကြား လက်နက်ကိုင် ပဋိပက္ခများ ဆက်လက် ဖြစ်ပွားနေပြီး တစ်ဖက်တွင် ဇီယွန်အစိုးရနှင့် တူရကီတို့၏ တိုက်ခိုက်မှုများ တိုးလာကြောင်း သတိပြုသင့်ပါတယ်။
.......................................................
END / 251