အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawza News Agency ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ဝဇူပြုချိန် လက်နှင့် မျက်နှာ တွင် လိုရှင်း(လိမ်းဆေး) သို့မဟုတ် ခရင်မ် လိမ်းထားခြင်း ကိစ္စ ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
အကယ်၍ လက်နှင့် မျက်နှာ တွင် လိုရှင်း(လိမ်းဆေး) သို့မဟုတ် ခရင်မ် လိမ်းထားမည်ဆိုလျင် ဝဇူမပြုခင် ဆပ်ပြာ နှင့်ဆေးကြောရန် အရေးကြီးပါသလား?
အဖြေ
အကယ်၍ ဝဇူပြုလုပ်ချိန် အရေပြားအတွင်းသို့ ရေများမရောက်ရှိအောင် တားဆီးပေးသော ဆီ သို့မဟုတ် အရည် မပါဝင်လျင် ဆပ်ပြာဖြင့် ဆေးကြောရန် အရေးမကြီးချေ။ (မလိုပေ။) ဤသိူ့မဟုတ်လျင် ဆပ်ပြာဖြင့် ဆေးကြောရန် အရေးကြီးပါသည်။ (လိုအပ်ပါသည်။ )
အကြံပြုချက် - အထက်ဖော်ပြ ပါ ဖြေကြားချက်ကို ကြည့် ပြီး လက်၊ မျက်နှာ တို့ကို လိမ်းထားသည့် လိုရှင်း (ဆေးရည်များ ) ခရင်မ်များ စသည် ဖြင့် ကို သုံးသူများသည် မိမိတို့ သုံးနေသည့် အရာများသည် ဝဇူပြုလုပ်ချိန် အရေပြား အတွင်းသို့ ရေများမရောက်ရှိအောင် တားဆီးပေးသော ဆီ သို့မဟုတ် အရည် ပါပမပါ သေချာ သိအောင် ကျွမ်းကျင်သူများ ကိုမေးမြန်းထားရမည်။ မိတ်ကပ်သူများ လည်း ဤ အတိုင်း ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဆပ်ပြာနှင့်ဆေးကြောပြီးမှ ဝဇူပြုခြင်း ဖြစ်ပါတယ်။ နောက်အမျိုးသမီးများ အနေဖြင့် လက်သည်းနီ အရောင်စုံ ဆိုးထားသည် အမျိုးသမီးများ၊ သမီးငယ်များ အနေဖြင့်လည်း ဝဇူ မပြုခင် လက်သည်းနီ အရောင်စုံကို ချွတ်ဆေးများသုံး၍ ချွတ်ဆေး ထားဖို့ လိုပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251