အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အင်္ဂါနေ့နံနက်ပိုင်းတွင် ဇီယွန်ဝါဒီမီဒီယာများက တဲလ်အဗစ်မြို့နှင့် သိမ်းပိုက်ထားသော ပါလက်စတိုင်း ဗဟိုရှိ အခြားနေရာအများအပြားတွင် ကြီးမားသော ပေါက်ကွဲသံများကို ကြားသိခဲ့ရကြောင်း ယီမင်တွင် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
တဲလ်အဗစ် ၊ ယာဖာ ၊ ရီရှောင်းန်လီဇုန်း ၊ အရှ်ဒူဒ် ၊ ရာမာသ် ဂါန် ၊ အလ်လဒ်၊ အလ် ရမ်လဟ် ၊ ဟရ်သဇလီယာ နှင့် ရဟူဖူသ် တို့တွင် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ပစ်ခတ်သံများကို ကြားခဲ့ ရကြောင်း သိရပါတယ်။
ယင်းနှင့်ပတ်သက်၍ ဇီယွန်စစ်တပ်က ယီမင်နိုင်ငံမှ ဒုံးကျည်တစ်စင်း ပစ်ခတ်မှုကြောင့် တဲလ်အဗစ်မြို့၌ သတိပေး သည့် ဥသြသံများ စတင်အသုံးပြုခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။
ဇီယွန်နစ်သိမ်းပိုက်သူ ၂ သန်းခန့်သည် ခိုလုံရာ နေရာ များဆီသို့ ထွက်ပြေးခဲ့ကြပြီး တိုက်ခိုက်မှုအတွင်း ကျူးကျော် သူ ၂၀ ဒဏ်ရာရခဲ့ကြောင်း ဟီဘရူးမီဒီယာက ရေးသားဖော်ပြခဲ့ပါတယ်။
တဲလ်အဗစ် ရှိ Ben Gurion လေဆိပ်ကိုလည်း အဝင်အထွက် ပျံသန်းခွင့် ပိတ်ထားကြောင်း သိရှိရပါတယ်။
.......................................................
END / 251