၁၈ မတ် ၂၀၂၅ - ၀၀:၀၁
ယီမင် လက်နက်ကိုင် တပ်ဖွဲ့များသည် အမေရိကန် လေယာဉ်တင် သင်္ဘောကို ကြီးကြီးကျယ်ကျယ် တိုက်ခိုက်

ယီမင်တွင် အမေရိကန်နှင့် ဗြိတိန်တို့၏ ရက်စက်ကြမ်းကြုတ်သော ရန်စမှုများအပြီးတွင် ယီမင်လက် နက်ကိုင် တပ်ဖွဲ့များ သည် USS Truman အား ခရုဇ်ဒုံး ၁၈ စင်း ၊ ပဲ့ထိန်းဒုံးကျည် နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News ၏ အစီရင်ခံစာ အရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က အမေရိကန်ရန်သူသည် ကျွန်ုပ်တို့နိုင်ငံအား ပွင့်လင်းစွာ ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ဆနအာအ်  နှင့် အခြားပြည်နယ် ၇ ခုကို တိုက်ခိုက်မှုပေါင်း ၄၇ ကြိမ် ပြုလုပ်ခဲ့ပြီး လူအများအပြား ကျဆုံးခဲ့ရပြီး ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

 အမေရိကန်ရဲ့ ရန်လိုမှုကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန် စစ်သင်္ဘော USS Harry Truman ကို ပဲ့ထိန်းဒုံးကျည် ၁၈ စင်း နှင့်  ဒရုန်းများ နှင့်  ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြောင်း တယ်လို့ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ်က ပြောပါတယ်။

ကျွန်ုပ်တို့နိုင်ငံကို ရန်စရန် တုံ့ပြန်သည့်အနေဖြင့် ပင်လယ်နီတွင် အမေရိကန်ရေတပ်ကို ပစ်မှတ်ထားရန် တွန့်ဆုတ်မည်မဟုတ်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ထောက်ပံ့သည့် စစ်ဆင်ရေးနယ်မြေတွင် အစ္စရေးသင်္ဘောများကို ဆက်လက် ပိတ်ဆို့ ထား မည်ဖြစ်ကြောင်း ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ပြော ကြား ခဲ့ပါတယ်။

အဖိနှိပ်ခံ ပါလက်စတိုင်းတွေကို ထောက်ခံတဲ့အနေနဲ့ ယီမင်ဟာ အမေရိကန်နဲ့ ဇီယွန်ဝါဒီ ရန်သူတွေကို ပြတ်ပြတ် သားသား တိုက်ခိုက်သွားမှာ ဖြစ်ပြီး ကမ္ဘာအရေးရှင်များအာဏာရှင်များ၏ ရည်မှန်းချက်တွေကို ဖျက်ဆီး ပစ်မှာဖြစ်ကြောင်း ဗိုလ်မှူးချုပ် ယဟ်ယာ စရီးအ် က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

.......................................................

END / 251

Your Comment

You are replying to: .
captcha