အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါကစ္စတန် နိုင်ငံ ကွေတာမြို့ သောကြာနမာဇ် ရှေ့ဆောင်ဆရာ ဖြစ်ပြီး နှင့်ပါကစ္စတန်ရှိထင်ရှားသောရှီအဟ် အာလင်မ်များ မှ တစ်ပါး ဖြစ်သည့် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဂိုလာန် ဟစနိုင်း ဝစ်ဂျ်သာနီ ကို၂၀၂၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ သွာအေဖ် လေဆိပ်တွင် အမည်မသိအကြောင်းပြချက်ဖြင့် ဖမ်းဆီးခဲ့ ကြောင်း သိရပါတယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဂိုလာန် ဟစနိုင်း ဝစ်ဂျ်သာနီ အိုမရဟ် ပြုရန် ဆော်ဒီအာရေဗျသို့ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဂိုလာန် ဟစနိုင်း ဝစ်ဂျ်သာနီ ဖမ်းဆီးခံရပြီး သုံးရက်ကြာ သွားသော်လည်း ဆော်ဒီအာဏာပိုင်များက ဖမ်းဆီးရသည့် အတွက် ရှင်းလင်းချက် သို့မဟုတ် တရားဝင် ကြေညာ ခြင်း မျိုးမပြုသေး ကြောင်း သိရပါတယ်။
ဤအတွက်ကြောင့် ကွေတာမြို့ သောကြာနမာဇ် ရှေ့ဆောင်ဆရာ ဖြစ်ပြီး နှင့်ပါကစ္စတန်ရှိထင်ရှားသောရှီအဟ် အာလင်မ်များ မှ တစ်ပါး ဖြစ်သည့် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဂိုလာန် ဟစနိုင်း ဝစ်ဂျ်သာနီ ၏ မိသားစုဝင်များ ၊နောက်လိုက်များ နှင့် ချစ်ခင်သူများ အကြား အလွန်စိုးရိမ်ပူပန်မှု ကို ဖြစ်နေကြောင်း ဝမ်းနည်း စွာ ကြားသိရပါတယ်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဂိုလာန် ဟစနိုင်း ဝစ်ဂျ်သာနီ အမြန်ဆုံးလွတ်မြောက် လာရန် အတွက်လည်း အဗ်နာ သတင်းဌာန မှ ဒိုအာပြုပါတယ်။ မိုအ်မင်နီ မိအ်မေနသ်များ အနေဖြင့် လည်း အထူး ဒိုအာပြုပေးကြဖို့ အထူး မေတ္တာ ရပ်ခံအပ်ပါတယ်။
.......................................................
END / 251
Your Comment