အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏အဆိုအရ ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski သည် ဗန်ဒရ်အဘာစ် ဖြစ်ရပ်အတွက် အလွန်ဝမ်းနည်းကြေကွဲကြောင်း မိမိနှင့် ရာထူးတူ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ ထံ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ပြောကြား ခဲ့ပါ တယ်။
အခင်းဖြစ်နေရာတွင် သေဆုံးသွားကြသော မိသားစုများနှင့် ချစ်ရသူမိသားစုများအား ဝမ်းနည်းကြေကွဲကြောင်း နှင့် ဒဏ်ရာရရှိသူများ အမြန်ပြန်ကောင်းလာစေရန် ဆုတောင်းပေးခဲ့ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပိုလန်နိုင်ငံခြားရေးဝန်ကြီးမှ အီရန်ကယ်ဆယ်ရေးတပ်ဖွဲ့များ၏ ချက်ခြင်းလုပ်ဆောင်မှုနှင့် ကိုယ်ကျိုးမဖက်သော ကြိုးပမ်းမှုများကို ချီးကျူးခဲ့ပါတယ်။
.......................................................
END / 251
Your Comment