အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံ စာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ သည် မိမိ ၏နောက်ဆုံးထွက် ဒုံးကျည်ဖြစ်သော ကာစင် ဘဆီးရ် အမျိုးအစား ကီလိုမီတာ ၁၂၀၀ အကွာအဝေးရှိ လောင်စာဆီ ပဲ့ထိန်း ဒုံးကျည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် တရားဝင်ထုတ်ဖော်ပြသခဲ့ပါတယ်။
ဤဒုံးကျည်အသစ်သည် လွန်ခဲ့သည့်ငါးနှစ်တာကာလအတွင်း အီရန်စစ်တပ်မှအသုံးပြုခဲ့သည့် ဟာဂျ်ကာစင် မီဇာအီးလ် ၏ အဆင့်မြှင့်တင်ထားသောဗားရှင်းဖြစ်ပါတယ်။
အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး အဇီးဇ်နဆီရ်ဇါဒေဟ် က အဆိုပါ ဒုံးကျည်သည် သိသိသာသာ တိုးတက်လာခဲ့ပြီး THAAD နှင့် Patriot ကဲ့သို့သော အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ်များ၏ အလွှာများကို ရှောင်လွှဲနိုင်စေခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ သို့ ပြောကြားခဲ့ပါတယ်။
အီရန် TV မှ ဧပြီလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဒုံးကျည်စမ်းသပ်မှုကို ပြသခဲ့ပါတယ်။ အဆိုပါ ဒုံးကျည်သည် သဘာဝနယ်မြေအတွင်း ပစ်မှတ်ကို တိကျစွာ ထိမှန်ကြောင်း ပြသခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး အဇီးဇ်နဆီရ်ဇါဒေဟ် ၏ ပြောကြားချက်အရ အဆိုပါ ဒုံးကျည်သည် စမ်းသပ်မှုအတွင်း ပြင်းထန်သော လျှပ်စစ်ဆိုင်ရာ အနှောင့်အယှက်များနှင့် အီလက်ထရွန်နစ် ပြတ်တောက်မှုများ ရှိခဲ့သော်လည်း မိမိ ၏ စွမ်းဆောင်ရည်ကို ထိခိုက်ခြင်းမရှိကြောင်း သိရပါတယ်။
ဟာဂျ်ကာစင် ဒုံးကျည်သည် အာဇာနည် ဗိုလ်ချုပ်ကြီး ကာစင် စိုလိုင်းမာန်နီ ကို အစွဲပြု၍ ၂၀၂၀ ခုနှစ် သြဂုတ်လတွင် ထုတ်ဖော်ပြသခဲ့သော အီရန်ဒုံးကျည်နည်းပညာ၏ အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် ပေါ်ထွက် လာခဲ့ပါတယ်။ ထို ဒုံးကျည် သည် ပစ်မှတ်များကို ကီလိုမီတာ ၁၄၀၀ မှ ၁၈၀၀ ကီလိုမီတာ အကွာ အဝေး ထိ ထိမှန်နိုင်သည့် အဆင့်နှစ်ဆင့်ရှိသော လောင်စာဆီတစ်ပိုင်း ပဲ့ထိန်းဒုံးကျည်ဖြစ်ပါတယ်။
ဟာဂျ်ကာစင် ဒုံးပျံမတီထွင်မီတွင် အီရန်သည် အထူးသဖြင့် ဇိုလ်ဖေကာရ် ဖါသေဟ် ၁၁၀ နှင့် ဖသ်ဟ်ဟေ မိုဘီးန် အမျိုးအစားအစုံအလင်ကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။
အဆိုပါ ဒုံးကျည်များသည် အီရန်၏ တာတိုနှင့် တာလတ်ပစ် စွမ်းရည်ကို ပေးစွမ်းရုံသာမက စမ်းသပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သည့် မျိုးဆက်သစ် ဒုံးကျည်များအတွက် အခြေခံကိုလည်း ပေးဆောင်ခဲ့ပါတယ်။
ဇိုလ်ဖေကာရ် ဒုံးကျဉ် သည် အကွာအဝေး ၇၀၀ ကီလိုမီတာ အကွာအဝေးရှိ လောင်စာဆီ ဒုံးကျည်ဖြစ်ပြီး၊ ၎င်းသည် စစ်မြေပြင်တွင် သွားလာရလွယ်ကူပြီး ထိရောက်မှု ရှိသောကြောင့် အရေးကြီးသည်ဟု မှတ်ယူနိုင် ပါတယ်။
ဖါသေဟ် ၁၁၀ သည် အစပိုင်းတွင် တာတိုပစ်ဒုံးကျည်ဖြစ်ပြီး နောက်ပိုင်းတွင် နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှု များဖြင့် အဆင့်မြှင့်တင်ခဲ့ပါတယ်။
အဆိုပါ ဒုံးကျည်နှစ်စင်းနှင့် စမ်းသပ်မှုများသည် ဟာဂျ်ကာစင် ဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။
ဟာဂျ်ကာစင် ဒုံးကျည်တွင် အောက်ပါလက္ခဏာများ ရှိပါတယ်။
အလေးချိန် - ခန့်မှန်းခြေအားဖြင့် ၇ တန်
အရှည် - ၁၁ မီတာ
ထိပ်ဖူးအလေးချိန် - ၅၀၀ ကီလိုဂရမ်
အရှိန် - လေထဲသို့ဝင်သောအခါ Mach ၁၁ ၊ Mach ၅ သည် အသံထက်မြန်သောအကွာအဝေးတွင် သက် ရောက်ပါတယ်။
အကွာအဝေး - ၁၄၀၀ ကီလိုမီတာ (တိုးချဲ့နိုင်သည် ၁၈၀၀ ကီလိုမီတာ)
နည်းပညာ - Dynamic Reference Unit (DRU) ဖြင့် တပ်ဆင်ထားပါတယ်။
DRU နည်းပညာကြောင့် ဟာဂျ်ကာစင် ဒုံးကျည်ကို မိနစ်အနည်းငယ်အတွင်း ပြင်ဆင်ပြီး ပစ်ခတ်နိုင်ပြီး ခိုင်ဘဲရ် ရှေကန် ဒုံးကျဉ် နှင့် ခေတ်သစ် ဖါသေဟ် စီးရီးကဲ့သို့သော ဒုံးကျည်များထက် သာလွန်ကောင်းမွန်သည့် နည်းလမ်းအချို့ဖြင့် တူညီ ကြောင်း သိရပါတယ်။
ကာကွယ်ရေး ကျွမ်းကျင်သူများ၏ အဆိုအရ ကာစင် ဘဆီးရ် သည် ဒုံးကျည်အသစ် မဟုတ်ဘဲ ဟာဂျ်ကာစင် ဒုံးကျည်၏ နောက်ဆုံးဗားရှင်းဖြစ်ပြီး အီရန်၏ ဗျူဟာမြောက် ကာကွယ်ရေး ဖွဲ့စည်းပုံတွင် အရေးပါသော တော်လှန်ရေး ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။
ကာစင် ဘဆီးရ် ဒုံးကျည်တွင် GPS နှင့် INS အပြင် အလင်းလမ်းညွှန်မှု တပ်ဆင်ထားသည်။ အဆိုပါစနစ်သည် အီလက်ထရွန်းနစ် နှောက်ယှက်မှုကို ခံနိုင်ရည်ရှိရုံသာမက ရန်သူလက်နက်တိုက်များ သို့မဟုတ် ရွေ့လျားနေသော သင်္ဘောများကဲ့သို့ သီးခြားပစ်မှတ်များကို ပြင်းထန်တိကျစွာ ထိမှန်နိုင်စွမ်းရှိပါတယ်။
ကာစင် ဘဆီးရ် ဒုံးကျည်၏ထိပ်ဖူးသည် အသံထက်မြန်သောအရှိန်ဖြင့် ဦးတည်ချက်ပြောင်းနိုင်သည်။ ဤ စွမ်းရည် သည် THAAD၊ Patriot နှင့် Israeli Arrow ကဲ့သို့သော အမေရိကန်ကာကွယ်ရေးစနစ်များကို ရှောင်ရှား နိုင်စေပါတယ်။
အီရန်စစ်တပ်သည် ဤဒုံးကျည်စမ်းသပ်မှုအတွင်း အီလက်ထရွန်းနစ်အဟန့်အတားကို ဖန်တီးခဲ့သော်လည်း ကာစင် ဘဆီးရ် သည် ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့ပါတယ်။
ဤစွမ်းရည်သည် အစ္စရေးကို တော်လှန်ခဲ့သည့် « ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၁ » (ခ) « စစ်မှန်သည့် ကတိကဝတ် စစ်ဆင်ရေး ၁ » နှင့် « ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၂ » (ခ) « စစ်မှန်သည့် ကတိကဝတ် စစ်ဆင်ရေး ၂ » ၏ စမ်းသပ်မှု ရလဒ်ဖြစ်ပါတယ်။
ကာစင် ဘဆီးရ် ဒုံးကျည်သည် ဟာဂျ်ကာစင် ဒုံးပျံကဲ့သို့ ပစ်လွှတ်သည့် ပလက်ဖောင်းကို အသုံးပြု ထားသော်လည်း ၎င်း၏ ပြင်ဆင်မှုနှင့် ပစ်ခတ်မှု လုပ်ငန်းစဉ်များကို ပိုမိုအရှိန်မြှင့်ခဲ့ပြီး ၎င်းကို စစ်မြေပြင်တွင် လျင်မြန်စွာ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။
ဟာဂျ်ကာစင် ဒုံးကျည်သည် အကွာအဝေး ကီလိုမီတာ ၁၄၀၀ မှ ၁၈၀၀ ထိ ရှိပြီး ကာစင် ဘဆီးရ် ဒုံးကျည်သည် အကွာအဝေး ၁၂၀၀ ကီလိုမီတာ ရှိပါတယ်။ အကွာအဝေးလျှော့ချခြင်း၏ ရည်ရွယ်ချက်မှာ ရန်သူ ကာကွယ် ရေးစနစ်များ မှ တိကျမှန်ကန်မှုနှင့် ကာကွယ်မှုကို ဦးစားပေးရန်ဖြစ်ပါတယ်။
ဤအတိုင်းအတာဖြင့်ပင် ကာစင် ဘဆီးရ် သည် ဒေသတွင်းရှိ အစ္စရေး သို့မဟုတ် အမေရိကန် အခြေစိုက်စခန်း များသို့ ပစ်နိုင်စွမ်း ရှိပါတယ်။
ကာကွယ်ရေးသတင်းရင်းမြစ်များ၏အဆိုအရ ကာစင် ဘဆီးရ် ဒုံးကျည်၏ ပြင်ဆင်မှုနှင့်ပစ်လွှတ်မှုအချိန်သည် မော်ဒယ်ဟောင်းများနှင့်နှိုင်းယှဉ်ပါက သိသိသာသာလျော့ကျသွားပြီး စစ်မြေပြင်တွင် ချက်ချင်းတုံ့ပြန်နိုင် မည်ဖြစ်ပါတယ်။
အဆိုပါ ဒုံးကျည်သည် အီရန်၏ ကာကွယ်ရေး ကိုယ်ပိုင်အားကိုးမှု၊ နည်းပညာ တိုးတက်မှု နှင့် ဒေသတွင်း ပါဝါ ချိန်ခွင်လျှာကို ထိန်းသိမ်းခြင်းအတွက် အဓိက မဏ္ဍိုင်အဖြစ် ပေါ်ထွက်ခဲ့ပါတယ်။
ကျွမ်းကျင်သူများက ကာစင် ဘဆီးရ် ဒုံးကျည် သည် အစ္စရေးနှင့် အမေရိကန်အတွက် အရေးကြီးသော စစ်ရေးသတင်းစကားဟု ခေါ်ဆို ကြပါတယ်။
.......................................................
END / 251
Your Comment