အဲဟ်လေ့ဘိုက် (သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
တီဟီရန် မြို့ တွင် ကျင်းပသည့် (၂၈ ) ကြိမ်မြောက် နိုင်ငံတကာစာအုပ်ပွဲတော် တွင် တူရကီ ၊အင်္ဂလိပ် ဘာသာဖြင့် ဘာသပြန်ဆိုထားသည့် ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ ဂိုလ်ဗိုင်ယေဂါနီ၏စာအုပ် တစ်ချို့ အားခင်းကျင်းပြသထားကြောင်း သိရပါတယ်။
အာယာသွလ္လာဟ် ဆွာဖီ ဂိုလ်ဗိုင်ယေဂါနီ ရုံးနှင့်ပူးတွဲထားသည့် (ဒါရွလ်ဇဲဟ်ရာ အဖွဲ့ ) ၏ ညွှန်ကြားရေးမှူး ဟွဂ်ျဂျသွလ် အစ္စလာမ် ဆယက်သ် အဗူလ် ဟစန် မအ်နဝီ မှ တီဟီရန် မြို့ တွင် ကျင်းပသည့် (၂၈ ) ကြိမ်မြောက် နိုင်ငံတကာစာအုပ်ပွဲတော် တွင်ပြောကြားခဲ့ပါတယ်။
ဤ စာအုပ်ပွဲတော်တွင် လာရောက် ရှုစား အားပေးကြသူများ အတွက် အကျော်အမော် ဖကီးဟ် ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ ဂိုလ်ဗိုင်ယေဂါနီ၏ အဖိုးတန် စာအုပ် ခေါင်းစဉ် ပေါင်း ၉၀ ခင်းကျင်းပြသ ထားတာ ရှိကြောင်းပြောကြား ခဲ့ပါတယ်။
ဟွဂ်ျဂျသွလ် အစ္စလာမ် ဆယက်သ် အဗူလ် ဟစန် မအ်နဝီ မှ အဗ်နာ သတင်းဌာန နှင့် အမေးအဖြေ ကဏ္ဍ တွင် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆွာဖီ ဂိုလ်ဗိုင်ယေဂါနီ၏ အချို့ စာအုပ်များ တူရကီ ၊အင်္ဂလိပ် ဘာသာဖြင့် ဘာသပြန် ထုတ်ဝေထားပြီး ဖြစ်ပြီး စိတ်ဝင်စားသူများ အတွက် နိုင်ငံတကာ စာအုပ် ပွဲတော် ခင်းကျင်းပြသထားပြီး ဖြစ်ပါတယ်။
(ဒါရွလ်ဇဲဟ်ရာ အဖွဲ့ ) ၏ ညွှန်ကြားရေးမှူး မှဆက်လက်ပြီး ပြောဆိုပါတယ်။ (منتخب الاثر فی الامام الثانی عشر) ဆိုသည့် အမည် နှင့် သုတေသနပြုထားသည် အဖိုးတန် အေမာမ်ဇမာန်း (အ.ဂျ) နှင့် ပတ်သက်သည့် စာအုပ်အားဖွာရစီဘာသာပြန် အတွဲ ၁မှ ၆ အထိ ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်း ပြောဆိုပါတယ်။
ဟွဂ်ျဂျသွလ် အစ္စလာမ် ဆယက်သ် အဗူလ် ဟစန် မအ်နဝီ အနေဖြင့် ဆက်လက်ပြီး အာယာသွလ္လာဟ် ကြီး ၏ အချို့ စာအုပ်များ သာဓက အားဖြင့် (امامت و مهدویت) ၊ (انتظار عامل مقاومت) ၊ (لمحات) စာအုပ်များ သည် မိုစစေယေ နူးရ် နှင့်ပူးပေါင်းပြီး အသံဆော်ဖ်ဝဲများ အဖြစ် ပြောင်းလဲကာ ယခု နိုင်ငံတကာ စာအုပ်ပွဲတော် တွင် ပြသထားကြောင်း ပြောဆို အသိပေးလိုက်ပါတယ်။
---------------------------
251 / End