၁၀ မေ ၂၀၁၅ - ၁၅:၅၈
အေမာမ်မူစာယေကာစင်းမ် (အ.စ) ၏ ဇေယာရသ်ပြုသူများ အပေါ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွား / အီရတ် / ဓာတ်ပုံများ

သောင်းကြမ်းသူအဖျက်သမားဝဟာဘီများ အနေဖြင့် အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ မှ အေမာမ်မူစာယေကာစင်းမ် (အ.စ) ၏ ရောင်ဇာ တော်ဖက်သို့ သွားသည့်လမ်းပေါ်တွင် ကားအတွင်းဗုံးထောင်၍ တိုက်ခိုက်ခဲ့ပါတယ်။ ဤ တိုက် ခိုက် ခဲ့မှု ကြောင့် ဇေယာရသ်ပြုသူ ၇ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အယောက် ၂၀ ဒဏ်ရာ ရရှိခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
သောင်းကြမ်းသူအဖျက်သမားဝဟာဘီများ အနေဖြင့် အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ ၏ အချက်အချာကျသည့်နေရာ (အလ်ကေရာဒေဟ်) ဒေသတွင် အေမာမ်မူစာယေကာစင်းမ် (အ.စ) ၏ ရောင်ဇာ တော်ဖက်သို့ သွားသည့်လမ်းပေါ်တွင် ကားအတွင်းဗုံးထောင်၍ တိုက်ခိုက်ခဲ့ပါတယ်။ ဤ တိုက် ခိုက် ခဲ့မှု ကြောင့် ဇေယာ ရသ်ပြုသူ ၇ ဦး ရှဟီးဒ် ဖြစ်ခဲ့ပြီး အယောက် ၂၀ ဒဏ်ရာ ရရှိခဲ့ပါတယ်။
ယခုလက်ရှိ အခြေအနေထိမည်သည့် အကြမ်းဖက် ဝဟာဘီ ဂိုဏ်းမှ မိမိတို့ လုပ်တာ ဖြစ်ကြောင်း တာဝန်မယူ ထားသေးချေ။
မှတ်သားရမည့်အချက်မှာ - အေမာမ်မူစာယေကာစင်းမ် (အ.စ) ၏ရှဟဒသ်နေ့ တွင် အဇါဒါရီ ပြုလုပ်ရန် အတွက် အီရတ် နိုင်ငံသူနိုင်ငံသားများ နှင့်အခြား နိုင်ငံသူ နိုင်ငံသားထောင်ပေါင်းများစွာသည် အေမာမ် (အ.စ)၏ ရောင်ဇာတော်ဖက်သို့ အဇါဒါရီနှင့်ဇေယာရသ်ပြုရန် ခရီးထွက်လေ့ရှိပြီး ထွက်နေကြပါတယ်။
သောင်းကြမ်းသူအဖျက်သမားဝဟာဘီများ အနေဖြင့် အေမာမ်မူစာယေကာစင်းမ် (အ.စ) ၏ ဇေယာ ရသ်ပြုသူများ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုဖြင့်ရာဇဝတ်မှု ကိုကျူးလွန် ပြီး ဇေယာရသ် ကို ရပ်နိုင်အောင် အကျိုးမဲ့မှုနှင့် မအောင်မြင်သည့် ကြိုးစားမှုကိုပြုနေပါတယ်။
---------------
251 / End