၂၁ မေ ၂၀၁၅ - ၁၈:၅၀
အီရန် နိုင်ငံ ၏လျှို့  ဝှက်ချက်ကို မည်သူကိုမျှ ပေးမည် မဟုတ် /   အီရန်သမ္မတ

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ သမ္မတ ဟွဂ်ျဂျသွလ်အစ္စလာမ် ဒေါက်တာ ဟစန် ရူဟာနီ အနေဖြင့် ကျွန်ုပ်တို့အနေဖြင့် မည်သူမဆိုကို အီရန် နိုင်ငံ၏ လုံခြုံရေး ၊သိပ္ပံ ၊ စစ်ရေးဆိုင်ရာ လျှို့ ဝှက်ချက်များ အထိ ရောက် သွားနိုင်ရန် အတွက် သဘောတူ လက်မှတ်ရေးထိုးပေးမှမဟုတ်ကြောင်း အလေးထားပြောကြား ခဲ့ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အီရန်ရေဒီယိုသတင်းဌာန ၏ သတင်းအထောက်အထား အရ ၊ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ သမ္မတ ဟွဂ်ျဂျသွလ်အစ္စလာမ် ဒေါက်တာ ဟစန် ရူဟာနီ အနေဖြင့် အီရန်နိုင်ငံ အရှေ့ အဇာဘိုင့်ဂျန် ပြည်နယ် သို့ ပြည် တွင်း စိစစ်ရေးခရီး၏ဒုတိယနေ့ခရီးစဉ် တွင် ၎င်းပြည်နယ် အမှုဆောင်များကောင်စီ အစည်းအဝေးတွင် မိန့်ခွန်းများ မိန့်ကြားခဲ့ပါတယ်။
P5+1 နှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေး ပွဲဟာ အင်မတန်ကြီးမား တဲ့ သံတမန်ရေး ရာ ကိစ္စ တစ်ခုဖြစ်ကြောင်း ပြော ကြား ခဲ့ပါတယ်။
သမ္မတကြီးမှ ဆက်လက်ပြီး P5+1 နှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေး ပွဲဟာ နည်းပညာဆိုင်ရာ ၊ ဥပဒေရေးရာ နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေး ပွဲ ဖြစ်ပါတယ်။ အီရန်နိုင်ငံတော်ဆိုင်ရာ မူဝါဒအပေါ်လက်တွေ့ အကောင် အထည်ဖော်ဖို့ ကျွန်ုပ်တို့၏ သမိုင်းပေးတာဝန်ဖြစ်ပြီး အန္တရာယ်မျဉ်းကြောင်းများကိုလည်း မကျော်မိဖို့ ဂရုပြု သတိနှင့်နေ၊နေ၊ကြောင်း ပြောကြားခဲ့ပါတယ်။
သမ္မတကြီးမှဆက်လက်ပြီး P5+1 နှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေး ပွဲဟာ အီရန် နှင့် အီရန် နိုင်ငံသားများ အတွက် ဂုဏ် သိက္ခာ ရှိမှု ကို ဖြစ်စေရမည် ဖြစ်ကြောင်း ကတိပေး ပြေကြားခဲ့ပါတယ်။
ဟွဂ်ျဂျသွလ်အစ္စလာမ် ဒေါက်တာ ဟစန် ရူဟာနီ မှထပ်ပြီးပြောကြားသည်မှာ - အီရန် အစိုးရ နှင်ြ့ပည်သူလူထု ဟာ ငြိမ်းချမ်းမှုကိုလိုလား နှစ်သက်ပါတယ်။
အေမာမ် ခိုမေနီ(ရ.ဟ) ငြိမ်းချမ်းရေးကိုလိုလားတောင်းတဲ့ပုဂ္ဂိုလ် ဖြစ် ခဲ့ကြောင်း ၊ရဲဟ်ဗရ် ရေ အင်ကေလာဗ် လည်းပဲ ) ငြိမ်းချမ်းရေးကိုလိုလားတောင်းတဲ့ပုဂ္ဂိုလ် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကျနော်တို့ နိုင်ငံဟာ မည်သည့် နိုင်ငံကိုမျှ ကျူးကျော်ဖို့ ရည်ရွယ်ချက်မထားကြောင်း ဒါပေမဲ့ မည်သည့် နိုင်ငံမဆို မည်သူ မဆို အီရန်နိုင်ငံကို မကောင်းတဲ့မျက်စိနဲ့ကြည့်လာရင် ကျူးကျော်လာရင်တော့ အားအပြည့်နဲ့ ပြန်လည်တိုက်ခိုက်မှာ ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++
251 / End