အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အီရတ် နိုင်ငံ နဂျဖ်ဖေအရှရဖ် မြို့  တွင် သတင်းသုံးနေထိုင်နေတော်မူသည့် အကျော် အမော် ရှီအာအာလင်မ် မရ်ဂျယေသက္က်လီးဒ်တော်တစ်ပါး ဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဖယာဇ် အနေဖြင့် သန့်စင်ပြီး ရိုသေရမည့်နေရာများ (ရောင်ဇာတော်များ) နှင့် မြို့ များကို အကြမ်းဖက်သမားများ ရန်မှ ထိန်းသိမ်းနိုင်ဖို့ အကူအညီများ ပေးကြရန် မေတ္တာ ရပ်ခံခဲ့ပါတယ်။
ရစာ သတင်းဌာန၏ သတင်းထုတ်ပြန်ကြေညာချက်အရ အီရတ် နိုင်ငံ၏ (အဲဟ်လေဟက် လှုပ်ရှားမှု အဖွဲ့ ) ၏ အထွေ ထွေအတွင်းရေမှူး ရှိက်္ခ ကိုက်ဇ် အလ်ခေဇ် အလီအနေဖြင့် အီရတ် နိုင်ငံ နဂျဖ်ဖေအရှရဖ် မြို့  တွင် သတင်း သုံးနေ ထိုင်နေတော်မူသည့် အကျော် အမော် ရှီအာအာလင်မ် မရ်ဂျယေသက္က်လီးဒ်တော်တစ်ပါး ဖြစ် သည့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဖယာဇ် နှင့် ၎င်း၏ ရုံးခန်းတွင် တွင်သွားရောက် တွေ့ဆုံပြီး စကားဆိုခဲ့ပါတယ်။
ရှိက်္ခ ကိုက်ဇ် အလ်ခေဇ် အလီ အနေဖြင့် ဟဇရသ် အာယာသွလ်ကြီးအား အီရတ် နိုင်ငံ၏ ငြိမ်ဝပ်ပိပြားမှု အခြေအနေ ၊ အကြမ်းဖက်သမားများ ၏ အခြေအနေ ၊ အကြမ်းဖက်သမား IS တို့ကြောင့် ရမာဒီမြို့ ကျဆုံး သွားရသည့် အကြောင်း ခံ များ ကို တင်ပြ လျှောက်ထားခဲ့ပါတယ်။
၎င်းမှဆက်လက်ပြီး တင်ပြ လျှောက်ထားခဲ့ပါတယ်။ လက်ရှိ ကျူးကျော်မှုများ ၊နှင့် အကြမ်းဖက် IS အဖွဲ့ နှင့် စစ်ပွဲများ၊အီရတ်ပြည်သူ စစ် အခြေအနေ တို့ကိုကို ရှင်းလင်း လျှောက်ထားခဲ့ပါတယ်။
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဖယာဇ် အနေဖြင့်လည်း အီရတ် ပြည်သူ့တပ်မတော် ၏ ကြိုးပမ်း မှုကြောင့် ဂျိုဖိုလ်ဆွခ်ရ် ၊အာမရ်လီ ၊စာမရာ နှင့် သက်္ကရီးသ်မြို့ များ ကို ပြန်လည် သိမ်းယူနိုင် ခဲ့သည့် အောင်ပွဲ များ အပေါ် ဝမ်းသာ ပီတိ ဖြစ်ရကြောင်း မိန့်ကြားခဲ့ပါတယ်။
မရ်ဂျာအ်ယေ သက္က်လီးဒ် အနေဖြင့် မိမိ မိန့်ခွန်း၏ အဆုံးတွင် ဒိုအာပြုခဲ့ပါတယ်။ ဒိုအာကတော့ အကြမ်းဖက်သမား IS အဖွဲ့နှင့် အီရတ် တပ်မတော် ၊အီရတ်ပြည်သူတပ်မတော် တို့၏ စစ်ပွဲများ အတွက် အီရတ်တပ်မတော် အထူးသဖြင့် အီရတ် ပြည်သူတပ်မတော်၏ အောင်ပွဲ အတွက် ပါတယ်။
အထူးပြုစရာ အချက်မှာ အကြမ်းဖက် IS အဖွဲ့ ခေါင်းဆောင် အဘူဗကရ် ဘဂ္ဂဒတ်ဒီ အနေဖြင့် ပြီးခဲ့သည့် ရက်တွင် မိမိ ၏ အစီရင်ခံစာ အသံဖိုင် တစ်ခု တွင် ရမာဒီမြို့ ကို သိမ်းပြီးနောက် ဘဂ္ဂဒတ်မြို့ ၊ ကရ်ဗလာ မြို့ များ ကို သိမ်း မည်ဟု ဆိုထားပါတယ်။
++++++++++++++++
251 / End