အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊အဗ်နာ













ရာဇဝတ်သားကောင်းများ အစ္စလာမ်ခုတုံးလုပ် အကြမ်းဖက်သမား များ အုပ်စု သက္က်ဖီးရီ အဖွဲ့ IS (ခ) ဒါအေရှ် အနေဖြင့် ကြီးကျယ် မြင့်မြတ်လှသည့် လမြတ် ရမ်တွာန် တွင်လည်း အီရတ် နိုင်ငံသားများ ရပိုင်ခွင့်များ ကို လျော့ ချခဲ့ယုံသာမက အကြမ်းဖက်မှုပို ပိုမိုပြီး တိုးမြှင့်လုပ်ဆောင်လာပါတယ်။ ဤလုပ်ရပ်ကို မီဒီယာများ နိုင်ငံတကာ အဖွဲ့ အစည်းများ ကလည်း နှုတ်ဆက်လျက်ရှိ နေပါတယ်။
ဤ လူမဆန်တဲ့ အုပ်စု ကတော့ ပြီးခဲ့သည့် လမြတ် ရမ်တွာန် ၁၃ရက် နေ့ မြန်မာ နိုင်ငံ အ လမြတ် ၁၂ ရက်နေ့ မှာပဲ အီရတ် နိုင်ငံ ၏ အလ်အနန်ဗါရ် အနောက်ဖက် ဒေသရှိ ဟဒီစေ မြို့ သား တစ်ဦး ကို အီရတ် တပ်မတော် ထံ သို့ သတင်းပို့ပေးသည်ဆိုသည့် အကြောင်းပြ ချက်ဖြင့် ၎င်းအား ခေါင်းဖြတ် ကွပ်မျက်ခဲ့ ပါတယ်။
IS (ခ) ဒါအေရှ် အကြမ်းဖက်အဖွဲ့ မှခေါင်းဖြတ် အသတ်ခံရသူ ဝန်ခံထားသည့် ဗီဒီယို ကလစ် ကိုထုတ်လွှင့်ခဲ့ပါတယ် ။ ဤ ဗီဒီယို ကလစ် အရ ခေါင်းဖြတ်သတ်ခံရသူ မှာ ((မိုဆိုက်ဖ် ဂျာစင်မ် မိုဟမ္မဒ် အာာဆွေမ် အလ် စလာဝီ )) ဖြစ်ပြီး ၁၉၇၆ ခုနှစ်ဖွား သူဖြစ်ပါတယ်။
၎င်းအနေဖြင့် အီရတ် တပ်မတော် ၏ သီးသန့် ပိုဂ္ဂိုလ်များထံ IS (ခ) ဒါအေရှ် အကြမ်းဖက်အဖွဲ့ တည်ရှိ ရာနေရာ များ သတင်း ပေးပို့ခဲ့သူ ဖြစ်ကြောင်း ၊ အီရတ် တပ်မတော် အနေဖြင့် ၎င်း ပေးပို့သည့် သတင်း အတိုင်း IS (ခ) ဒါအေရှ် အကြမ်းဖက်အဖွဲ့ တို့တည်နေရာ များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ောကာင်း ပြောဆိုထားပါတယ်။
မိုဆိုက်ဖ် ဂျာစင်မ် ၏ထွက်ချက်အရ ဟဒီစေ မြို့ နှင့် တခြား IS အခြေခံ စခန်း များ ကို လေယာဉ် ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့မှု မိမိ ပေးပို့ သည့် အစီရင်ခံ စာ အတိုင်းအီရတ် တပ်မတော် မှ တိုက်ခိုက်မှု ပြုခဲ့ကြ ကြောင်း ထွက်ချက်ပေးထားပါသည်။
ဗီဒီယို ကလစ် တွင် ခေါင်းဖြတ် အသတ်ခံရသူ ထွက်ချက်များ ထွက်ဆိုပြီး IS ပါးကွက်သား တစ်ယောက်ထွက်လာပါတယ်။ ၎င်း ပါးကွက်သားမှ မိမိတို့ အဖွဲ့၏ လုံခြုံရေး ကို ထိခိုက်လာသူ အဆုံးသတ် လှမည်မဟုတ်ကြောင်း အီရတ် တပ်မတော်ကိုလည်း သတိပေး ပြောကြားခဲ့ပါတယ်။
ပြီးနောက် ပါးကွက်သားမှ အဝတ် အမဲ ဝတ်ထားပြီး မိမိ ၏ မျက်နှာ ကို အပြည့် ဖုံးထားပါတယ်။ပြီးနောက်
မိုဆိုက်ဖ် ဂျာစင်မ် မိုဟမ္မဒ် အာာဆွေမ် အလ် စလာဝီ၏ လည်ကို လူမဆန်စွာ လှီးပြီး ကိုယ်တစ်ခြား ခေါင်းတစ်ခြား ပြု၍ သတ်ပြခဲ့ပါတယ်။
လမြတ် ရမ်တွာန် တွင် ဤ ရာဇဝတ်မှုကို ကျူးလွန်ခြင်းသည် အေးငြိမ်း ၊ ချမ်းမြေ့ သည့် အစ္စလာမ် သာသနာတော်ကိုလည်း စော်ကား ခြင်းမည်လေ၏။ ဒါကြောင့် ဤ လူရမ်းကား အကြမ်းဖက်အဖျက်သမား များသည် အစ္စလာမ် သာသနာ တော်ကိုခုတုံးလုပ်နေကြောင်း ထင်ရှား ပြတ်သားစွာ သိရှိ နီုင်ပါတယ် ။
========
251 / End