၂ ဩဂုတ် ၂၀၁၅ - ၁၈:၅၂
မြို့ပေါင်း ၁၆ မြို့ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ပြီ

မြန်မာပြည်ရှိ မြစ်ကြီးမြစ်ငယ် ၆ စင်းရဲ့ မြစ်ရေတွေဟာ မြို့ပေါင်း ၁၆ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးလေ၀သဌာနက သြဂုတ် ၂ရက် မွန်းလွဲပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

မြန်မာပြည်ရှိ မြစ်ကြီးမြစ်ငယ် ၆ စင်းရဲ့ မြစ်ရေတွေဟာ မြို့ပေါင်း ၁၆ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးလေ၀သဌာနက သြဂုတ် ၂ရက် မွန်းလွဲပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဧရာဝတီမြစ်ရေဟာ ပခုက္ကူ၊ ညောင်ဦး၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနဲ့ ဇလွန် စတဲ့ မြို့ ၉ မြို့မှာ အဲ့ဒီမြို့တွေရဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန် ရောက်ရှိနေကြပါတယ်။

ချင်းတွင်းမြစ်ရေဟာလည်း မော်လိုက်၊ ကလေးနဲ့ မုံရွာမြို့တို့ရဲ့ စိုးရိမ်ရေမှတ် အထက်ကို ရောက်ရှိနေကြပြီး၊ စစ်တောင်းမြစ်ရေကတော့ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန် ရောက်ရှိနေတာ ဖြစ်ပါတယ်။

အလားတူ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့၊ သံလွင်မြစ်ရေဟာ ဘားအံမြို့နဲ့၊ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့တို့မှာ အဲ့ဒီမြို့တို့ရဲ့ စိုးရိမ်ရေမှတ် အသီးသီးကို ကျော်လွန်ရောက်ရှိနေပါတယ်။

အသေးစိတ်ဖတ်ရှုရန်။

https://www.facebook.com/dmhmoezalanaypyitaw/posts/498080247013725

---------------------
251 / End