အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ညောင်တုန်းတာနှင့် မြစ်ရေကို ကြည့်ရှုနေသော ပြည်သူများ (ဓာတ်ပုံ − သက်ဆွေ)
လိမ္မော်ရောင်အ ဆင့်သတ်မှတ်ထားသည့် ညောင် တုန်းမြို့နယ် ရေမြင့်တက်မှုအခြေ အနေကို စောင့်ကြည့်နေရဆဲဖြစ် ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသေးကြောင်း သတင်းရရှိ သည်။
သြဂုတ် ၇ ရက်အခြေအနေ အရ ညောင်တုန်းမြို့၏လက်ရှိရေ မှတ်သည် ၂၅ ဒသမ ၈ လက်မရှိ ပြီး အန္တရာယ်ရေမှတ်ထက် ၁ ပေ ကျော်လွန်နေသည်။
ညောင်တုန်းမြို့ကို ကာရံထားသည့် နှစ်မိုင်ကျော်ရှည်လျားသည့် တာတမံသည် ပျမ်းမျှအား ဖြင့် ၂၆ ပေ အမြင့်ရှိပြီး တာအကျယ် ၁၀ ပေ ခန့်ရှိသည်။ တာတမံအတွင်းဘက် အခြမ်းတွင် ရေယိုစိမ့်မှုများစွာ ရှိနေသဖြင့် ရေစိမ့်ဝင်မှုနည်းပါးစေရန် ဒေသခံ များက သက်ဆိုင်ရာ ဌာနဆိုင်ရာ များနှင့် ပူးပေါင်းကာ ဆောင်ရွက် လျက်ရှိပြီး တာတမံ၏ နေရာအ များစုအား သဲအိတ်များဖြင့် ကာရံ ထားသည်။
‘‘အရေးပေါ်အခြေအနေအတွက် လူအင်အား၊ ပစ္စည်းအင်အားအလုံအလောက်ဖြစ်အောင် စီမံထားပါတယ်။ ကျွန်တော်တို့ အတတ်နိုင်ဆုံးအန္တရာယ်မဖြစ်အောင် ထိန်းသိမ်းနေပါတယ်။ ရေက အမြင့်ဆုံး ဘယ်အချိန်အထိ တက်မယ်ဆိုတာ မခန့်မှန်းနိုင်တော့ အသင့်အနေအထားနဲ့ စောင့်ကြည့်နေပါတယ်’’ဟု မြို့နယ်သဘာဝဘေးအန္တရာယ်ကာ ကွယ်ရေးအဖွဲ့အတွင်းရေးမှူး မီးသတ်ဦးစီးဌာနမှူး ဦးသန့်ဇင်ဝင်းက ပြောသည်။ ညောင်တုန်းမြို့နယ်တွင် လက်ရှိ အခြေအနေအရ ရေဘေး ကြုံတွေ့နေရသည့် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၃၁ စုရှိပြီး ရေဘေးသင့်ဦးရေ သုံးသောင်းလေးထောင်ကျော် ရှိသည်။
‘‘ရေဘေးသင့်သူတွေအတွက် လိုအပ်တာကတော့ အဓိကက ဆန်၊ သောက်ရေသန့်နဲ့ ဆေးဝါးတွေပါ။ အကူအညီတွေ ပေးနေတာရှိပေမယ့် ရက်ဘယ်လောက်ကြာမယ်ဆိုတာကို မခန့်မှန်းနိုင်တော့ လိုအပ်တယ်။ လှူဒါန်းချင်တဲ့သူတွေက ကိုယ်တိုင်သွားချင်လည်း လှူလို့ရတယ်။ သူတို့အတွက် အခက်အခဲရှိလို့ ကွပ်ကဲရေးဌာနကိုပဲ လှူဒါန်းခိုင်းလည်းကူညီပေးဖို့ အသင့်ရှိနေပါတယ်’’ဟု ဦးသန့်ဇင်ဝင်းက ပြောသည်။
လက်ရှိတွင် ညောင်တုန်းမြို့ရှိ အချို့သောဒေသခံများမှာ ရေဘေးလွတ်ရာသို့ တိမ်းရှောင်သူများရှိကြပြီး အချို့သော ဒေသခံများအနက် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှာ ဒေသတွင်းအမြင့်ပိုင်းဒေသနေရာများရှိ အဆောက်အအုံများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
===========================
251 / End