အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ မြေးတော် အေမာမ် အလီ အေဗ်နေရဇာ (အ.စ) ၏ နှမတော် မြတ် ဟဇရသ် ဖွာတွေမာ မအ်စူမာဟေကွမ်း (စ.အ) မွေးနေ့ မင်္ဂလာ အချိန်အခါ ဖြစ်၍ လူဦးရေ သန်း၇၀ ကျော် ရှိတဲ့ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် တစ်နိုင်ငံလုံး နီးပါး ကျင်းပခဲ့ကြပါပြီး ကျင်းပနေပါတယ် ။
ဇီလ်ကိုင်ဒါလမြတ် ၏ ပထမဆုံးနေ့ ဟာ မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ မြေးတော် ရှီအာအေမာမ်မီယာ တို့ ၏ ၇ပါးမြောက် အေမာမ် ၊အေမာမ် မူစာယေ ကာစင်မ် (အ.စ) ၏သမီးတော် ဟဇရသ် ဖွာတွေမာ မအ်စူမာဟေကွမ်း (စ.အ) ၏ မွေးနေ့ မင်္ဂလာ မြတ် ဖြစ်ပါတယ်။
သခင်မကြီး ဟာ ဟီဂျရီ သက္ကရာဇ် ၁၇၃ ခုနှစ် ဇီလ်ကိုင်ဒါလမြတ် ၏ ပထမဆုံးနေ့ တွင် ယနေ့ ဆော်ဒီ နိုင်ငံ ၏ မနီနာရွှေမြို့ တော်တွင် ဤလောက သို့ ကြွမြန်းလာခဲ့ပါတယ် ။
သခင်မကြီး (စ.အ) ဟာ ဖက်စုံပြည့်သည် အကျင့်သိက္ခာ ၊ များပြားလှသည့် ကြီးကျယ် မြင့်မြတ်မှုများ နှင့် ဖက်စုံထူးချွန်မှု တွင် ကျော်ကြားပါတယ် ။ ဟဇရသ် ဖွာတွေမာ မအ်စူမာဟေကွမ်း (စ.အ) မွေးနေ့ မင်္ဂလာ အဖြစ် သခင်မကြီး (စ.အ) ၏ရောင်ဇာတော် တည် ရှိနေတဲ့ ကွမ်းသာသနာ့ရွှေမြို့ တော် မှာလည်း သခင်မကြီး (စ.အ) ၏ မွေးနေ့ အခမ်းအနား ကို စည်းကား စွာ ကျင်းပ ခဲ့ကြပါတယ်။
သခင်မကြီး (စ.အ) အား အချစ် မေတ္တာတရား ထားသည့် သာသနာ့ ပညာရှင်များ နှင့်ကဗျာဆရာ များမှ သခင်မကြီး (စ.အ) ၏ အကြောင်းကို မိမိတို့၏ ပညာများအရ မီးမောင်းထိုးတင်ပြခဲ့ပါတယ် ။
ကွမ်းသာသနာ့ရွှေမြို့ တော်ရှိ ဈေးဆိုင်များ ၊ အေမာမ်ဘာရာ များ ၊ဗလီများတွင် သာသနာဆိုင်ရာ အဆောက် အဦးများတွင် သခင်မကြီး (စ.အ) ၏ မွေးနေ့ ကျင်းပမှု၏ ပုံရိပ်များကိုတွေ့မြင် ရပါတယ် ။
မိုဟမ္မဒ် (ဆွ) နှင့်အာလေ မိုဟမ္မဒ် (အ.စ) အား အချစ် မေတ္တာတရား ထားသူများ အနေဖြင့် နေရာနေရာ များတွင် အချိုရည်များ တိုက်ကျွေးခြင်း အချိုမုန့် များ ဝေငှခြင်းကိုပြုလုပ်ခဲ့ကြပြီး ပျော်ရွှင်မှု ကိုပြသခဲ့ကြပါတယ် ။
ဟဇရသ် ဖွာတွေမာ မအ်စူမာဟေကွမ်း (စ.အ) မွေးနေ့ အား မစ်ဂျစ်ဒ် ဒေဂျမ်ကရန် နှင့် အေမာမ်ဘာရာများ ဘာသာရေး အဆောက်အဦးများတွင်လည်း စည်းကားစွာ ကျင်းပခဲ့ပါတယ်။
မဟာတမန်တော်မြတ်ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ မြေးတော် အေမာမ် အလီ အေဗ်နေရဇာ (အ.စ) ၏ နှမတော် မြတ် ဟဇရသ် ဖွာတွေမာ မအ်စူမာဟေကွမ်း (စ.အ) မွေးနေ့ မင်္ဂလာ အချိန်အခါ ဖြစ်၍ အဗ်နာ ပရိတ်သတ်များ နှင့် မြန်မာမွတ်စလင်များအားလုံး အထူးသဖြင့် မြန်မာ နိုင်ငံ တွင် မှီတင်းနေထိုင်နေတဲ့ ရှီအာမွတ်စလင်များ အားလုံးကို တစ်ဦးချင်းစီ မိုဘာရတ် လို့ပြောကြားပြီး သခင်မကြီး (စ.အ) ဇဒ်ကာနှင့် ရေးဘေး အန္တရာယ် မှ အမြန်ဆုံး မြန်မာနိုင်ငံသား မှန်သမျှ လူမျိုးဘာသာမရွေး လွတ်မြောက်ကြပြီးပြန်လည် တည်ဆောက်မှုများပြု လုပ်နိုင်ကြရန် ဆုတောင်းလိုက်ပါတယ် ။
-----------------------
251 / End