အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
သြဂုတ် ၂၂ ရက်က ကစားသွားတဲ့ စပိန်လာလီဂါ ပွဲစဉ်တွေမှာတော့ အက်သလက်တီကို မက်ဒရစ် အသင်းက တန်းတက် လာစ်ပါမက်အသင်းကို ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
အက်သလက်တီကို အတွက် တိုက်စစ်မှူး အန်တိုနီ ဂတ်ဇ်မင်းက ၁၆ မိနစ်မှာ သွင်းယူပါ တယ်။ ဒီပွဲမှာ အက်သလက်တီကို အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားသွားနိုင်ခဲ့ပါ တယ်။
လာစ်ပါမက်အသင်းကတော့ ၂၀၀၂ ခုနှစ်နောက်ပိုင်း လာလီဂါကို ပထမဆုံးအကြိမ် ပြန်လည် ကစားတာဖြစ်ပြီး အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
တခြား လာလီဂါပွဲစဉ်မှာတော့ ရီးရဲလ်ဆိုဆီဒက်နဲ့ ဒီပို့ဒီပို့၊ ဗလင်စီယာနဲ့ ဗလင်စီနိုတို့ ဂိုးမရှိသရေကျခဲ့ပြီး အက်စပန်ညိုက ဂစ်တာဖေးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
သြဂုတ် ၂၃ ရက်မှာတော့ ဘာစီလိုနာနဲ့ ဘီဘာအို၊ ရီးရဲလ်မက်ဒရစ်နဲ့ စပို့တင်းဟီဟွန်၊ လီဗန်တေးနဲ့ ဆဲလ်တာဗီဂို၊ ရီးရဲလ်ဗက်တစ်နဲ့ ဗီလာရီးရဲလ်တို့ ကစားကြမှာ ဖြစ်ပါတယ်။
========================
251 / End