၁၃ စက်တင်ဘာ ၂၀၁၅ - ၁၀:၅၉
နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည်ကောင်းမွန်စေရေး အစ္စရေးနှင့် အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံရန်စီစဉ်

နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍတွင် သဘောကွဲလွဲမှုများ ရှိလာခြင်းကို ဖြေရှင်းရန်အတွက် အစ္စရေးနှင့် အမေရိကန် ခေါင်းဆောင်များ နိုဝင်ဘာလအတွင်း တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍတွင် သဘောကွဲလွဲမှုများ ရှိလာခြင်းကို ဖြေရှင်းရန်အတွက် အစ္စရေးနှင့် အမေရိကန် ခေါင်းဆောင်များ

နိုဝင်ဘာလအတွင်း တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။


အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုသည် နိုဝင်ဘာ လဆန်းပိုင်းတွင် အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ဘာရတ် အိုဘားမားကို

သွားရောက် တွေ့ဆုံဖွယ် ရှိနေသည်။ အဆိုပါ နှစ်နိုင်ငံသည် အရင်းနှီးဆုံး စစ်ရေးမဟာမိတ်များအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော်လည်း

ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း အီရန် နျူကလီးယား အရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ပေါ်ထွက်လာခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် အစ္စရေး၏ မဟာရန်သူတော် အီရန်နိုင်ငံ၏ နျူကလီးယား စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ သဘောတူညီမှုတစ်ခု ရရှိအောင်

ဦးဆောင် ညှိနှိုင်းခဲ့ပြီး နေတန်ညာဟုကမူ အီရန်ကို အလျှော့ပေး ချဉ်းကပ်ခြင်းကို လုံးဝ လက်မခံနိုင်ကြောင်း အခိုင်အမာ ရပ်တည် ပြောဆိုထားသည်။

အိုဘားမားက ယခုသဘောတူညီမှုသည် အီရန်နှင့် ပတ်သက်၍ အစ္စရေး၏ လုံခြုံရေး ခြိမ်းခြောက်ခံရသည့် အခြေအနေကို လျော့နည်းသွားစေမည်ဟု

ကာကွယ် ပြောဆိုထားသည်။ ထို့အပြင် အီရန်သည် နျူကလီးယား လက်နက်များ တည်ဆောက်မှုကို ကြပ်မတ် ကန့်သတ်ခံထားရပြီး ဖြစ်နေပြီဟု အိုဘားမားက ဆိုသည်။

အီရန်နှင့် အမေရိကန် ဆွေးနွေးမှုကို ဟန့်တားဖျက်ဆီးရန် ကြိုးပမ်းမှု၌ အရေးနိမ့်သွားကြောင်း အခိုင်အမာ သိရှိလာချိန်တွင် နေတန်ညာဟုသည်

အမေရိကန်နှင့် ဆက်ဆံရေးကောင်း ပြန်လည် တည်ထောင်ကာ အိုဘားမား အစိုးရထံမှ လုံခြုံရေး အထောက်အပံ့များ ရယူနိုင်ရေး ပစ်မှတ်ပြောင်းလဲ

ကြိုးစားလာဖွယ် ရှိနေသည်။ အထူးသဖြင့် ဟားမားစ် စစ်သွေးကြွတို့နှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်နေချိန်တွင် အစ္စရေးသည် အမေရိကန်ထံမှ စစ်လက်နက်နှင့်

အခြား အထောက်အပံ့များ လိုအပ်လျက် ရှိသည်။

အိမ်ဖြူတော်မှ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက နိုဝင်ဘာလတွင် ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဖြစ်ရန် ရှိနေကြောင်း အတည်ပြုခဲ့သော်လည်း နေတန်ညာဟု

လာရောက်မည့် နေ့ရက်ကိုမူ တိတိကျကျ ပြောကြားမသွားချေ။
---------------------------------------

251 / End