၂၂ စက်တင်ဘာ ၂၀၁၅ - ၀၁:၀၀
မကာဟ်မြို့တွင် ၀န်ချီစက်ပြိုကျမှုနှင့် ပက်သက်၍ ဘုရားဖူးသူများသေဆုံးမှုအပေါ်ခေါင်းဆောင်မှဝမ်း နည်းကြောင်းပြောကြား။

ဆော်ဒီအာယေဘီးယားနိုင်ငံ မကာဟ်မြို့တွင်ဝန်ချီစက်ပြိုကျ၍ သေဆုံးခဲ့သည့်အီရန်နိုင်ငံသား များအပေါ် ၀မ်းနည်းကြောင်းကို အစ္စလာမ်အဖွဲ့အစည်းခေါင်းဆောင် အာယာသိုလ္လာဟ်ဆရတ်အလီ ခါမေနာအီ ကပြောဆိုခဲ့သည်ဟု အကြီးအကဲဖြစ်သူ ဟွဂ်ျသွလ်အစ္စလာမ် မိုဟမ္မဒ် မိုဟမ္မဒ်ဒီ ဂိုလ်ပရီ ဂန်နီမှတဆင့် သိရှိရပါသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီအာယေဘီးယားနိုင်ငံ မကာဟ်မြို့တွင်ဝန်ချီစက်ပြိုကျ၍ သေဆုံးခဲ့သည့်အီရန်နိုင်ငံသား များအပေါ် ၀မ်းနည်းကြောင်းကို အစ္စလာမ်အဖွဲ့အစည်းခေါင်းဆောင် အာယာသိုလ္လာဟ်ဆရတ်အလီ ခါမေနာအီ ကပြောဆိုခဲ့သည်ဟု အကြီးအကဲဖြစ်သူ ဟွဂ်ျသွလ်အစ္စလာမ် မိုဟမ္မဒ် မိုဟမ္မဒ်ဒီ ဂိုလ်ပရီ ဂန်နီမှတဆင့် သိရှိရပါသည်။
အကြီးအကဲခေါင်းဆောင်ဖြစ်သူသည် အာယာသိုလ္လာဟ်ဆရတ်အလီ ခါမေနာအီ ကိုယ်စား အီရန်ဟာဂျီ ကိုယ်စားလှယ် အကြီးအကဲဖြစ်သူ ဟွဂ်ျသွလ်အစ္စလာမ်ဂါဇီအဇ္ဖဂဲရ် နှင့်ဖုန်းဖြင့်တင်္နဂနွေ နေ့က ပြောဆိုခဲ့သည်။ ဟွဂ်ျသွလ်အစ္စလာမ်ဂါဇီအဇ္ဖဂဲရ်က ထိုဖြစ်ရပ်နှင့်ပက်သက်၍ သေဆုံးသူအရေ အတွက်၊ထိခိုက်ဒဏ်ရာရသူဦးရေ၊ဆေးကုထုံးမူများ၏ နောက်ဆုံးသတင်းကိုပြောပြခဲ့သည်။
ဆောက်လုပ်ရေး၌အသုံးပြုနေသော ၀န်ချီစက်သည် သောကြာနေ့ညနေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မက္ကာဟ်ပလီဝန်းအတွင်းပြုတ်ကျခဲ့ရာလူဦးရေ ၁၀၇ ဦးသေဆုံးခဲ့ပြီး၊၂၃၈ ဦးဒဏ်ရာ ရ ခဲ့သည်။ဤပြိုကျမှုနှင့်ပက်သက်၍ ဘုရားဖူးသူ ၇ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း အီရန်ဟာဂျီ ဘုရားဖူးအဖွဲ့ကပြောကြားခဲ့ပါသည်။
နှစ်စဉ်မက္ကာဟ်သို့ ဘုရားဖူးလာသူ လူဦးရေ ၂ သန်းခန့်ရှိသည်ဟုခန့်မှန်းထားရာ၊၀န်ချီစက်ပြို ကျမှုသည် ဟာဂျီရာသီမတိုင်မီ ၁၀ ရက်အလိုတွင် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။မက်စ်ဂျစ်ဒေအလ် ဟရာမ် သည် ကမ္ဘာပေါ်တွင်အကြီးဆုံးဗလီဖြစ်ပြီး ကအ်ဘာတည်ရှိရာနေရာလည်းဖြစ်သည်။ကအ်ဘာကျောင်း တော်သည် မွတ်စလင်များဝတ်ပြုရာနေရာဖြစ်ပြီး ဘုရားဖူးလာစဉ် လှည့်လည်ဆုတောင်းရာနေရာ လည်း ဖြစ်သည်။
အဆောက်အအုံတစ်ခုလုံးအား ၀န်ချီစက်များဖြင့် ၀န်းရံထားခြင်းမှာဆော်ဒီအစိုးရသည် ဒေါ် လာသန်းထောင်ပေါင်းများစွာသော စီမံကိန်းဖြင့် ပလီအားတိုးချဲ့ဆောက်လုပ်နေခြင်းဖြစ်သည်။ဟာဂျီ ရာသီတွင်  မတော်တဆဖြစ်ရပ်များကြောင့် ဘုရားဖူးသူများသေဆုံးမှုသည် လွန်ခဲ့သောနှစ်များကပင် ဖြစ်ပေါ်ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် မက္ကာဟ်မြို့အနီး မီနာကန္တာရတွင်လူပိ၍ ဘုရားဖူးသူ ၃၆၀ ဦးသေဆုံးခဲ့ သည်။လွန်ခဲ့သော်၂ နှစ်ကလည်း ဘုရားဖူးသူ၂၄၄ ဦးသေဆုံးခဲ့ သည်။အဆိုးဝါးဆုံးအဖြစ်အပျက်မှာ ၁၉၉၀ ခုနှစ် မက္ကာဟ်မြို့တွင်ဖြစ်ပွါးခဲ့ပြီး၊ဘုရားဖူးသူ ၁၄၂၆ ဦးသေဆုံးခဲ့သည်။
---------------------------------------
251 / End