အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဘဟ်ရိန်းနိုင်ငံ၏ လူအခွင့်အရေး အခြေအနေကို ၃၂ နိုင်ငံသောအဖွဲ့အစည်းကဆန့်ကျင်ခဲ့ သည်။လူထုအားလွတ်လပ်စွာ ပြောဆိုခွင့်ကို လေးစားရန် ပါစီရန်ကမ်းကွေ့နိုင်ငံအား တိုက်တွန်းခဲ့ သည်။တင်္နလာနေ့တွင် UN လူအခွင့်အရေးကောင်စီက ဖေါ်ပြခဲ့သောစာအရ ၃၂ နိုင်ငံမှအစိုးရတို့ သည် ဘဟ်ရိန်းနိုင်ငံ၏ လူအခွင့်အရေး အခြေအနေကို ထည့်သွင်းစဉ်းစားသွားမည်ဟုလည်းသိရ သည်။
ထိုစာကို UNမှ Swiss ကိုယ်စားလှယ် အလ်အိပ်ဇန်ဒရီဖါဆေ ကဖေါ်ပြခဲ့ပြီး ဘဟ်ရိန်းအစိုးရ သည် ထောင်သားများအပေါ် တရားမျှတသောစီရင်ချက် ပေးရန်ပျက်ကွက်ခဲ့ကြောင်း နှင့်သရုပ်ပြဆန့် ကျင် ဆန္ဒပြမှုများတွင် ပါဝင်သောသူများအား ဖမ်းချုပ်မှုကိုလည်းဆန့်ကျင်ခဲ့သည်။
လူအခွင့်အရေးချိုးဖေါက်မှုကြောင့် ရှင်းလင်းချက် မလုံလောက်မှုအပေါ်လည်း စဉ်းစားနေ ကြောင်းကို မာနာမာမြို့နှင့် မိတ်ဖွဲ့ထားသော US အဖွဲ့တို့ လက်မှတ်ရေးထိုးထားသော စာတွင်ဖေါ်ပြ ထားသည်။ပြည်သူလူထုက လွတ်လပ်မှုနှင့် အုပ်ချုပ်မှုနည်းစနစ်များ တောင်းဆိုမှုနှင့်ပက်သက်၍ လမ်း မပေါ်သို့ထွက်ပြီး ဆန္ဒပြခဲ့သည်။ဘဟ်ရိန်းနိုင်ငံသည် ထိုတော်လှန်မှုကြောင့်ထိန်းသိမ်းခံရခြင်းမှာ ၂၀၁၁ ကတည်းကဖြစ်သည်။
ထိုဆန္ဒပြသူတို့သည် အလ်ခလီဖွါ၏အုပ်ချုပ်ခြင်းကို ဖယ်ရှားရန်တောင်းဆိုလာကြသည်။ဤကဲ့ သို့ ဆန္ဒပြမှုများကြောင့်လူ ၁၀၀ နီးပါးသေဆုံးခဲ့ပြီး၊လူ ၁၀၀ ကျော်ထောင်ကျခဲ့သည်။လူထုကငြိမ်းချမ်း စွာ ဆန္ဒပြမှုအား အစိုးရကတင်းကျပ်စွာ ထိန်းချုပ်မှုကိုလည်း တင်္နလာနေ့ကစာထဲတွင် ဝေဖန်ခဲ့သည်။ စာထဲတွင်လူသားတို့၏ လွတ်လပ်မှုအခွင့်အရေး၊ထင်မြင်ချက်၊ဖေါ်ပြချက်များ၊ငြိမ်းချမ်းစွာစုဝေးဆန္ဒပြမှု များ၊လူအခွင့်အရေးကာကွယ်သူများအပေါ်ဆိုးရွားစွာ ဆက်ဆံခြင်း၊ထောင်ချခြင်းကဲ့သို့သောသတင်း များကိုလည်း ထည့်သွင်းစဉ်းစားမည်ဟု ဖေါ်ပြခဲ့သည်။
ထိန်းသိမ်းဖမ်းချုပ်ခြင်းခံရသော ထောင်သားများအား ဆိုးဆိုးရွားရွားဆက်ဆံခြင်းနှင့် နှိပ်ဆက် ခြင်းကဲ့သို့သော ကိစ္စများကိုသေချာစုံစမ်း စစ်ဆေးရန် ထိုစာထဲတွင် အစိုးရအားတိုက်တွန်းထားသည်။ အဆိုပြုချက်ထဲတွင် UN မှအထူးသတင်းထောက်ကို ထောင်ထဲတွင်ဆိုးရွားစွာ ဆက်ဆံခံရသူ၊နှိပ်စက် ဖိနှိပ်ခံရသူများအား လွတ်လပ်စွာတွေ့ဆုံခွင့်ပြုရန်မာနာမာမြို့က သဘောတူမည်ဟုဆိုသည်။ထိုကဲ့သို့ UN မှသတင်းထောက်သည် ၂၀၁၃ခုနှစ်တွင် ငြင်းပယ်ခံခဲ့ရခြင်းကြောင့်လည်းဖြစ်သည်။
မနှစ်ကလူ့အခွင့်အရေးတိုးတက်မှု အခြေအနေနှင့် ပတ်သက်၍ ၄၇ နိုင်ငံကအသိအမှတ်ပြု ထောက်ခံခဲ့ရာ ယခုအခြေအနေနှင့် နှိုင်းယှဉ်လျှင် သေးငယ်သောကိစ္စသာဖြစ်သည်ဟု ဘဟ်ရိန်းနိုင်ငံ မှတာဝန်ရှိသူများက ထိုစာကိုတုံ့ပြန်ခဲ့သည်။”မူဝါဒထက် အခွင့်အရေး၊ကိုရှေ့ထားသင့်သည် “ဟူသော အဖွဲ့အစည်း အဆိုပြုချက်သည် လျစ်ဟင်းသည်ဟု လူ့အခွင့်အရေး၊ အဖွဲ့အစည်းက စပိန်၊အီတလီ၊နိုင် ငံ၏ အစိုးရအချို့ကို ဆန့်ကျင်ခဲ့သည်။
---------------------------------------
251 / End