ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။
အဓိပ္ပာယ် - အလွန်တရာ ကြင်နာထောက်ထား သည့်အရှင်၊အလွန်တရာသည်းခံတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - ၁၁ ကြိမ်
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ) မိန့်ထားတော်မူသည် ။ မည်သူမဆို မင်းဆိုး၊မင်းညစ်၏ အမျက်ဒေါသ ကို ကြင်နာမှု၊စာနာမှုအဖြစ်
ပြောင်းသွားစေရန် (အလ်ဟ ကီးမို) ဂုဏ်တော်အား အကြိမ် ၁၀၀ ဖတ်ရွတ်ရ ပါမည်။
၂။ အိပ်မပျော်သည့်သူ အနေဖြင့် ဤဂုဏ်တော် အား များများ ဖတ်ပေးခြင်းဖြစ် အိပ်နိုင်မည် ဖြစ်ပါသည်။
၃ ။ သက်သောင့် သက်သာ ရှိစေရန် ၊ ကြင်နာမှု နှင့် သည်းခံမှု ဂုဏ်သတ္တိကို ပိုင်ဆိုင်ရန် ၊ အခက်အခဲ ဒုက္ခများ ကို ရင်ဆိုင်ကျော်ဖြတ်
နိုင်ရန် (ယာဟ လီးမို) ဂုဏ်တော်အား နေ့စဉ် ၈၈ ကြိမ်ဖတ် ရွတ်ရ ပါမည်။
၎ ။ အလုပ်များ မှန်ကန်ကောင်းမွန်ရန် ၊ မသိ ရှိသေး သည့်အရာများ သိရှိလာစေရန် အတွက် နေ့စဉ် ၇၈ ကြိမ် ဤဂုဏ်တော်အား
ဖတ်ရွတ်ရပါမည် ။ တစ်ထိုင် တည်း ၄၄၅ကြိမ် ဖတ်နိုင်လျှင် ပို၍အဆင် ပြေပါ သည်။
***