၂၅ စက်တင်ဘာ ၂၀၁၅ - ၀၂:၄၄
အစိုးရသက်တမ်းလေးနှစ်ကျော်ကာလအတွင်း ပြောင်းလဲတိုးတက်မှုများရှိသလို အားနည်းချို့ယွင်းချက်များလည်းရှိဟု သမ္မတဦးသိန်းစိန်ပြော

အစိုးရသက်တမ်းလေးနှစ်ကျော် ကာလအတွင်း ထင်သာမြင်သာ သောပြောင်းလဲတိုးတက်မှုများရှိ ခဲ့သည်ကို ငြင်း၍မရသလို အား နည်းချက်၊ ချို့ယွင်းချက်များရှိ သည်ကိုလည်း လက်ခံရမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတဦးသိန်း စိန်က ပြောကြားသည်

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အစိုးရသက်တမ်းလေးနှစ်ကျော် ကာလအတွင်း ထင်သာမြင်သာ သောပြောင်းလဲတိုးတက်မှုများရှိ ခဲ့သည်ကို ငြင်း၍မရသလို အား နည်းချက်၊ ချို့ယွင်းချက်များရှိ သည်ကိုလည်း လက်ခံရမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတဦးသိန်း စိန်က ပြောကြားသည်။

စက်တင်ဘာ ၂၄ ရက်က နေပြည်တော်၌ပြုလုပ်သည့်ပြု ပြင်ပြောင်းလဲရေးဦးဆောင်ကော် မတီအစည်းအဝေးတွင် နိုင်ငံ တော်သမ္မတက အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘လေးနှစ်ကျော်ကာလအ တွင်း မိမိတို့အစိုးရ၏ကြိုးပမ်း ဆောင်ရွက်မှုများမှာ ထင်သာမြင် သာသောပြောင်းလဲတိုးတက်မှု များရှိခဲ့သည်ကို မည်သူမျှ ငြင်း၍ မရပါကြောင်း၊ အလားတူအား နည်းချက်၊ ချို့ယွင်းချက်များ လည်း ရှိသည်ကို လက်ခံရမည်’’ ဟု သမ္မတက ပြောကြားခဲ့သည်။

ထို့အတူ လက်တွေ့ဖြစ်ပျက် နေမှုများအပေါ် ကိုယ်တိုင်သိ အောင် လုပ်ရန်၊ ပြည်သူလူထုအ သံကို နားထောင်ရန်နှင့် ဝေဖန်မှု များအပေါ် လက်ခံသုံးသပ်ရန်ဖြစ် ပြီး သို့မှသာ အမှားအမှန်ကို ခွဲခြားသိရှိ ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။


သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုဖြစ်စေရန် ဝန်ထမ်းများ၏ အရည်အသွေးနှင့်စိတ်ဓာတ်ပိုင်းကို ပြောင်းလဲပေးရန်လိုအပ်သလို သက်သာချောင်ချိရေး အလေးထားဆောင်ရွက်ပေးရန် လိုအပ်ကြောင်းဆိုသည်။

လက်ရှိရရှိထားသောအောင်မြင်မှုများကို  ဆက်လက်ထိန်းသိမ်းပြီး ရှေ့ကို အရှိန်အဟုန်ဖြင့် ပြည်သူလူထုဘဝလိုအပ် ချက်များကို အစွမ်းကုန်ကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်းပါကြောင်း နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

---------------------------------------
251 / End