အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
အစ္စလာမ်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ မက္ကာမြို့ပြင်ပ မီနာဒေသ၌ တွန်းထိုးမှုကြောင့် လူအများလဲပြိုမှုဖြစ်ပွားပြီးနောက် ဘုရားဖူးများကို ဆော်ဒီအရပ်ဘက်ကာကွယ်ရေးအဖွဲ့ဝင်များက ကယ်ဆယ်ရန် ကြိုးပမ်းနေကြစဉ် (AP)
ဆော်ဒီအာရေးဗီးယား နိုင်ငံ မက္ကာမြို့ပြင်တွင် လူအများ စုပြုံတိုးဝှေ့မှုများမှ လူနင်းခံရမှု များ ဖြစ်ပွားပြီး အနည်းဆုံး ၇၁၇ ဦးခန့် သေဆုံးခဲ့သည်။
အစ္စလာမ်ဘာသာရေးတွင် အမြင့်မြတ်ဆုံး ဘာသာရေး ဝတ်ပြုနယ်မြေတစ်ခုဖြစ်သည့် မက္ကာသို့ ဟာ့ဂ်ျကာလအကြိုတွင် လူပေါင်း နှစ်သန်းကျော်မျှ စုရုံးရောက်ရှိနေပြီး ယခုကဲ့သို့ မတော်တဆမှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ် သည်။
စက်တင်ဘာ ၂၄ ရက်က မက္ကာမြို့ပြင်ရှိ မီနာတွင် လူအများ စုပြုံတိုးဝှေ့ပြီး လူနင်းခံရမှုများ ကြောင့် ယခုလို အများအပြား သေဆုံးရသည်ဟု ဆော်ဒီအာဏာပိုင်များက ကြေညာသည်။
ပြီးခဲ့သည့် ဟာ့ဂ်ျကာလများ တွင် အလားတူ ဖြစ်ရပ်မျိုး အနည်းဆုံး ခြောက်ကြိမ်မျှ ဖြစ်ပွားခဲ့ဖူးပြီး ၁၉၉၀ ပြည့်နှစ်တွင်မူ အဆိုးရွားဆုံးအဖြစ် ဥမင်တစ်ခုထဲ တွင် လူအများပြုံ၍ တိုးဝှေ့ရာမှ ၁,၄၀၀ ကျော် အသက်ဆုံးရှုံးခဲ့ သည်။
ယခုနှစ်တွင် မက္ကာရှိ နိုင်ငံတော် ဗလီကြီး၌ ကရိန်းပြိုကျမှုကြောင့် လူ ၁၀၀ ကျော် သေဆုံးကာ ၂၀၀ ကျော် ဒဏ်ရာရခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်မှုကြောင့် ယမန်နှစ်များထက် ဝတ်ပြုခရီးသည် အရေအတွက်ကို ဆော်ဒီအစိုးရက ကန့်သတ်လျှော့ချထားသည့်တိုင် လူအုပ်ပြိုဆင်းပြီး လူပိသေဆုံးမှုများ ယခုကဲ့သို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း မက္ကာရှိ ဟိုတယ်တစ်လုံးတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ ဝတ်ပြုခရီးသည် ၁,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေး ခဲ့ရသည်။
---------------------------------------
251 / End