အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဟန်ဂေရီနိုင်ငံမှ သြစတြီးယားနိုင်ငံနယ်စပ် Nickelsdorf ဒေသသို့ လမ်းလျှောက်နေကြသော ရွှေ့ပြောင်းနေထိုင်သူများကို တွေ့ရစဉ်
ဥရောပသို့ ဒုက္ခသည် ၈,၀၀၀ ခန့် နေ့စဉ် ၀င် ရောက်မှု ဆက်လက်ဖြစ်ပွားဖွယ် ရှိသည်ဟု ကုလသမဂ္ဂက သတိ ပေးလိုက်သည်။
ယင်းမှာ ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ဒေသတွင်းညှိ နှိုင်းဆောင်ရွက်ရေးမှူး အမင်အာ ၀က် ပြောကြားသော ကိန်းဂဏန်း များ ဖြစ်သည်ဟု ရိုက်တာသ တင်းက ဖော်ပြသည်။
ဒုက္ခသည် ၅,၀၀၀ ကျော် သည် ဂရိနိုင်ငံသို့ နေ့စဉ် ရောက် ရှိနေသည်။
ရာသီဥတု သာယာပြီး နယ် စပ်များ ပွင့်နေလျှင် ဆောင်းရာ သီအတွင်း ဒုက္ခသည်များ ရောက် ရှိမှုမှာ ဆက်လက်ဖြစ်ပွားနိုင် သည်ဟု ရွှေ့ပြောင်းနေထိုင်မှု ဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က ဘီဘီစီသတင်းအား ပြော ကြားသည်။
ရွှေ့ပြောင်းနေထိုင်သူ ငါး သိန်းခန့်သည် ယခုနှစ်အတွင်း ဥရောပသို့ ရောက်ရှိခဲ့သည်။
ယင်းရွှေ့ပြောင်းနေထိုင်သူ အများစုသည် ဆီးရီးယား၊ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက ပဋိ ပက္ခဇုန်များမှ ထွက်ပြေးလာသူ များဖြစ်သည်။
ဒုက္ခသည်များ စုပြုံရောက် ရှိမှုသည် ဗဟိုဥရောပရှိ အီးယူအိမ်နီးချင်းနိုင်ငံများအကြား တင်းမာမှုများကို ဖြစ်စေသည်။
ဟန်ဂေရီဝန်ကြီးချုပ် ဗစ် တာအော်ဘန်သည် စက်တင်ဘာ ၂၅ ရက်တွင် သြစတြီးယားနိုင်ငံ သို့ အလည်အပတ်ခရီး ရောက်ရှိ ၍ သြစတြီးယားအဓိပတိ ဂါနာ ဖေးမန်းနှင့် တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ခဲ့သော်လည်း လူမြင် ကွင်းသို့ အတူထွက်ရှိခဲ့ခြင်း မရှိ ပေ။
ဒုက္ခသည်များ ဖြတ်သန်းဝင် ရောက်မှုအပေါ် ကိုင်တွယ်မှုနှင့် ပတ်သက်၍ ဟန်ဂေရီနှင့် သြစ တြီးယားတို့အကြား အပြန်အလှန် ပြစ်တင်မှုများ ရှိနေသကဲ့သို့ အိမ် နီးချင်းနိုင်ငံများဖြစ်သော ဆားဘီးယားနှင့် ခရိုအေးရှားတို့ကြား ၌လည်း တင်းမာမှုများ ရှိခဲ့သည်။
စက်တင်ဘာ ၂၅ ရက် မ တိုင်မီက ခရိုအေးရှားနှင့် ဆားဘီး ယားတို့သည် နှစ်နိုင်ငံ နယ်စပ်ဒေ သ၌ ယာဉ်များဖြတ်သန်းသွားလာ ခွင့်ကို ပိတ်သည်အထိ တင်းမာမှု များ ဖြစ်ခဲ့သည်
---------------------------------------
251 / End
၂၇ စက်တင်ဘာ ၂၀၁၅ - ၀၁:၄၃
News ID: 712495
ဟန်ဂေရီနိုင်ငံမှ သြစတြီးယားနိုင်ငံနယ်စပ် Nickelsdorf ဒေသသို့ လမ်းလျှောက်နေကြသော ရွှေ့ပြောင်းနေထိုင်သူများကို တွေ့ရစဉ် ဥရောပသို့ ဒုက္ခသည် ၈,၀၀၀ ခန့် နေ့စဉ် ၀င် ရောက်မှု ဆက်လက်ဖြစ်ပွားဖွယ် ရှိသည်ဟု ကုလသမဂ္ဂက သတိ ပေးလိုက်သည်။ ယင်းမှာ ဒုက္ခသည်များအတွက် ကုလသမဂ္ဂ ဒေသတွင်းညှိ နှိုင်းဆောင်ရွက်ရေးမှူး အမင်အာ ၀က် ပြောကြားသော ကိန်းဂဏန်း များ ဖြစ်သည်ဟု ရိုက်တာသ တင်းက ဖော်ပြသည်။ ဒုက္ခသည် ၅,၀၀၀ ကျော် သည် ဂရိနိုင်ငံသို့ နေ့စဉ် ရောက် ရှိနေသည်။