၂၇ စက်တင်ဘာ ၂၀၁၅ - ၀၃:၀၅
ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် တန်ဆာခများမြင့်နေဆဲဖြစ်

ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ အကူအညီပေးသော ကားများပင် ခက်ခက်ခဲခဲသွားရသည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ) သဘာဝဘေးကြုံတွေ့ပြီး နှစ်လကျော်ကြာသည့်တိုင် ချင်းပြည်နယ်အတွင်း လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်နေမှုများ ကြောင့် တန်ဆာခမြင့်တက်ကာ ကုန်စည်စီးဆင်းမှုနှောင့်နှေးဆဲ ဖြစ်သည်ဟု ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းများမှ သတင်းရရှိ သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ အကူအညီပေးသော ကားများပင် ခက်ခက်ခဲခဲသွားရသည် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

သဘာဝဘေးကြုံတွေ့ပြီး နှစ်လကျော်ကြာသည့်တိုင် ချင်းပြည်နယ်အတွင်း လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်နေမှုများ ကြောင့် တန်ဆာခမြင့်တက်ကာ ကုန်စည်စီးဆင်းမှုနှောင့်နှေးဆဲ ဖြစ်သည်ဟု ကုန်စည်ပို့ဆောင် ရေးလုပ်ငန်းများမှ သတင်းရရှိ သည်။

လက်ရှိတွင် ကုန်စည်တန် ဆာခမှာ သာမန်ထက် သုံးဆနီးပါးမြင့်တက်နေပြီး ချင်းပြည်နယ်အ တွင်း ကုန်ဈေးနှုန်းမြင့်တက်ခြင်း နှင့် နယ်စပ်ကုန်သွယ်မှုပါ ထိခိုက် မှုရှိကြောင်း ချင်းပြည်နယ်-က လေးမြို့ ကုန်စည်ပို့ဆောင်ရေးအ သင်းမှ ကုန်သည်တစ်ဦးက ပြော သည်။

‘‘မနေ့က(စက်တင်ဘာ ၂၅) တီးတိန်သွားတဲ့လမ်းမှာ ကားအ စီးတစ်ရာပိတ်နေတယ်။ ကားကြီး တွေ မဖြတ်နိုင်သေးဘူး။ သွားတဲ့ ကားတွေကလည်း တင်နိုင်တဲ့ကုန် ထက်တစ်ဝက်လောက်ပဲ တင်နေ ရတော့ တန်ဆာခက ဈေးတက် တယ်’’ ဟု အထက်ပါအသင်းမှ ဦးပေါက်ချန်းက ပြောသည်။

တီးတိန်-ကလေးမြို့တွင် လက်ရှိဆန်တစ်အိတ်လျှင် တန် ဆာခသုံးထောင်ကျပ်ဖြစ်ပြီး သာ မန်အချိန်တွင် တစ်ထောင်ခန့်သာ ရှိသည်။ရိဒ်မှတစ်ဆင့် အိန္ဒိယနယ်စပ်အထိ ကွမ်းသီးတင်ပို့ရာတွင် လည်း ယခင်က တစ်ပိဿာလျှင် တစ်ရာကျပ်မှ ယခုငါးရာအထိ မြင့်တက်နေကြောင်း ကုန်သည် များက ပြောသည်။

ချင်းပြည်နယ်အတွင်း လမ်း ပန်းဆက်သွယ်ရေးအတွက် ပြည် နယ်အစိုးရက လမ်းတိုင်းတွင် စက်ယန္တရားများဖြင့် ပြုပြင်နေပြီး ချင်းပြည်နယ် လမ်းပန်းဆက် သွယ်ရေးမှာ ရာသီဥတုအပေါ် မူ တည်နေကြောင်း ယခုအခြေအ နေများသည် မိုးကုန်ပြီး ရာသီဥတု သာယာမှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း ချင်းပြည်နယ် စီးပွား ရေးနှင့် စီမံကိန်းဝန်ကြီး ဦးရမ်မန်း က ပြောသည်။

လက်ရှိအချိန်ထိ မြို့တော် ဟားခါးကို လာနိုင်သည့် လမ်း လေးခုစလုံးတွင် ယာဉ်အသေး များသာ သွားနိုင်သေးသည်ဟု ဆို သည်။

‘‘ချင်းတောင်မှာ လမ်းအနေ အထားက ခန့်မှန်းရခက်ပါတယ်။ ဘယ်နေ့အပြီး လုပ်မယ်လို့လည်း သတ်မှတ်လို့မရဘူးဖြစ်နေတယ်’’ ဟု ဦးရမ်မန်းက ပြောသည်။

တွန်းဇံမြို့တွင်လည်း ဆန် တစ်အိတ်လျှင် ကျပ်ငါးသောင်းမှ ရှစ်သောင်းကြားဖြစ်နေကြောင်း တွန်းဇံမြို့ခံတစ်ဦးက ပြောသည်။

---------------------------------------
251 / End