၄ အောက်တိုဘာ ၂၀၁၅ - ၀၀:၄၅
ဆီးရီးယားတွင် လေကြောင်းတိုက်ခိုက်မှုများ အဆုံးသတ်ရန် ရုရှားကို တူရကီနှင့် ညွန့်ပေါင်းအဖွဲ့ဝင်များ တိုက်တွန်း

အိုင်အက်စ်အဖွဲ့ ကို တိုက်ခိုက်နေသည့် အမေရိ ကန်ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့နှင့် တူရကီနိုင်ငံတို့က မော် စကို၏ ဆီးရီးယားတွင် လေ ကြောင်း တိုက်ခိုက်မှုများနှင့် ပတ် သက်၍ စိုးရိမ်ကြောင်း ပြော ကြားပြီး ဆီးရီးယားအတိုက်အခံ များကို တိုက်ခိုက်ခြင်းများ ရပ် တန့်ကာ အိုင်အက်စ်အဖွဲ့ကို တိုက် ခိုက်ရေး အာရုံစိုက်ရန် ရုရှားနိုင်ငံ အား တိုက်တွန်းလိုက်သည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အိုင်အက်စ်အဖွဲ့ ကို တိုက်ခိုက်နေသည့် အမေရိ ကန်ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့နှင့် တူရကီနိုင်ငံတို့က မော် စကို၏ ဆီးရီးယားတွင် လေ ကြောင်း တိုက်ခိုက်မှုများနှင့် ပတ် သက်၍ စိုးရိမ်ကြောင်း ပြော ကြားပြီး ဆီးရီးယားအတိုက်အခံ များကို တိုက်ခိုက်ခြင်းများ ရပ် တန့်ကာ အိုင်အက်စ်အဖွဲ့ကို တိုက် ခိုက်ရေး အာရုံစိုက်ရန် ရုရှားနိုင်ငံ အား တိုက်တွန်းလိုက်သည်။

အမေရိကန်၊ ဗြိတိန်၊ ပြင် သစ်၊ ဂျာမနီနှင့် ပင်လယ်ကွေ့ အာရပ်မဟာမိတ်နိုင်ငံများ၏ ပူး ပေါင်းကြေညာချက်တွင် တူရကီ က ရုရှားနိုင်ငံ၏ လုပ်ရပ်များသည် ပဋိပက္ခကို အရှိန်ပိုမြင့်လာစေပြီး ပိုမိုအစွန်းရောက်မှု ဖြစ်လာစေ လိမ့်မည်ဟု ပြောကြားထားသည်။

ရုရှား၏ လေကြောင်းတိုက် ခိုက်မှုများအတွင်း အရပ်သားများ သေဆုံးမှုရှိခဲ့ပြီး အိုင်အက်စ်များ ကို ပစ်မှတ်မထားခဲ့ဟု ယင်းကြေ ညာချက်တွင် ဖော်ပြထားသည်။

သမ္မတ ဘာရှားအယ်လ်အာ ဆတ်ကိုယ်စား လေကြောင်း တိုက်ခိုက်မှုများနှင့်အတူ ဆီးရီး ယား ပြည်တွင်းစစ်တွင် ပါဝင်ရန် ရုရှား၏ ယခုသီတင်းပတ်အတွင်း ဆုံးဖြတ်ချက်နှင့် အီရန်နိုင်ငံ၏ စစ်ရေးအရပါဝင်မှု ပိုများလာ ခြင်းတို့က ကမ္ဘာ့စစ်အင်အားကြီး နိုင်ငံအများစု ပါဝင်သော ယင်း ပဋိပက္ခတွင် အပြောင်းအလဲ အ မှတ်အသားတစ်ခု ဖြစ်လာနိုင် သည်။

 အာဆတ်၏ အစိုးရကို ထောက်ခံမှုအတွင်း အီရန်တပ်ဖွဲ့ ၀င် ရာပေါင်းများစွာသည် မြေပြင် ထိုးစစ်ဆင်မှုများ ပြုလုပ်ရန် ဆီးရီးယားနိုင်ငံသို့ ရောက်ရှိနေ ကြောင်း လက်ဘနွန်သတင်းရင်း မြစ်များက ပြောသည်။
---------------------------------------
251 / End