၅ အောက်တိုဘာ ၂၀၁၅ - ၀၈:၁၄
တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် အောက်တိုဘာ ၁၅ ရက်တွင် လက်မှတ်ရေးထိုးမည်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်(NCA) ကို လာမည့်အောက်တိုဘာ ၁၅ ရက် တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း အောက် တိုဘာ ၄ရက်က ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့ အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့သည်။ အစည်းအဝေးသို့လက်မှတ် ထိုးမည့် အဖွဲ့ခုနစ်ဖွဲ့အပြင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ-ရှမ်းပြည်တပ်မတော်(RCSS/SSA)လည်း တက်ရောက်ခဲ့သည်။ RCSS/SSA အနေဖြင့် လက်မှတ်ရေး ထိုး၊ မထိုး စဉ်းစားနေဆဲဖြစ်၍ အတည်မပြုနိုင်သေးဟုဆိုသည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်(NCA) ကို လာမည့်အောက်တိုဘာ ၁၅ ရက် တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးမည်ဖြစ်ကြောင်း အောက် တိုဘာ ၄ရက်က ပြုလုပ်ခဲ့သည့် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့ အစည်းအဝေး တွင် ဆုံးဖြတ်ခဲ့သည်။

အစည်းအဝေးသို့လက်မှတ် ထိုးမည့် အဖွဲ့ခုနစ်ဖွဲ့အပြင် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ-ရှမ်းပြည်တပ်မတော်(RCSS/SSA)လည်း တက်ရောက်ခဲ့သည်။ RCSS/SSA အနေဖြင့် လက်မှတ်ရေး ထိုး၊ မထိုး စဉ်းစားနေဆဲဖြစ်၍ အတည်မပြုနိုင်သေးဟုဆိုသည်။

လက်ရှိ NCA ကို လက်မှတ် ရေးထိုးမည်ဟု ထုတ်ပြန်ထား သော  တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့မှာ  ခုနစ်ဖွဲ့ရှိသည်။ အောက်တိုဘာလလယ်တွင် လက်မှတ်ရေးထိုးနိုင်ရန် အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင် များဆယ်ဦးစီ ပါဝင်သည့် ‘‘ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေး ထိုးပွဲကျင်းပရေး ပူးတွဲကော်မတီ’’ ဖွဲ့စည်းရန် သဘောတူခဲ့ကြ ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ထို့အပြင် ကျန် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ ၁၄ ဖွဲ့ အနေဖြင့် ပါဝင်လာရေး ကြိုးပမ်းမည်ဟု ဆိုသည်။


‘‘NCA လက်မှတ်မရေးထိုး တာကြောင့်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ တွေကို  ထိုးစစ်ဆင်ပြီး တိုက်ခိုက် ဖို့ဆိုတဲ့ ရည်မှန်းချက်မျိုးလည်း ကျွန်တော်တို့အစိုးရမှာ မရှိပါဘူး။ ရှိပြီးသားနှစ်ဖက် Bilateral သ ဘောတူညီချက်တွေကို ဆက် ထိန်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ ငြိမ်းချမ်းရေးအတွက် အဖြေရှာ သွားမှာပဲဖြစ်ပါတယ်’’ဟု ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြော သည်။

NCA လက်မှတ်မရေးထိုး သော  အဖွဲ့များအနေဖြင့်  နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်း ပသည့်အခါ ပါဝင်ဆွေးနွေးခွင့်ရ မည်မဟုတ်ဘဲ လေ့လာသူအဖြစ် သာ တက်ရောက်ခွင့်ရှိမည်ဟု အစိုးရက ဆိုသည်။

လက်မှတ်ရေးထိုးမည့်အဖွဲ့ များမှာ ကရင်အမျိုးသားအစည်း အရုံး (KUN)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ ဒီမိုကရေစီအ ကျိုးပြုကရင့် တပ်မတော် (DKBA)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ALP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ဖြစ်ကြသည်။  ကျန်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များမှာ NCA ကို လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ပါဝင် ရေးထိုးရေး တောင်းဆိုခဲ့ကြ သည်။ သို့သော် သမ္မတဦးသိန်း စိန်အစိုးရအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ကိုသာ NCA ရေးထိုးရန် ဖိတ်ခေါ်ခဲ့သည်။ အားလုံးပါဝင်ရေးသဘောတူညီ ချက်မရ၍ NCA လက်မှတ်မရေး ထိုးသေးခြင်းဖြစ်သည်ဟု ကျန်အ ဖွဲ့များက ဆိုကြသည်။

NCA လက်မှတ်ရေးထိုးပွဲ၌ အဖွဲ့အစည်းအချို့သာ လက်မှတ် ရေးထိုးသည့်အတွက် NCA မှာ ပြီးပြည့်စုံသည့်အနေအထားတွင် မရှိနိုင်ဟု တပ်ပေါင်းစုဖြစ်သည့် ညီညွတ်သောတိုင်းရင်းသားလူ မျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အောက်တိုဘာ  ၃ ရက်တွင် ကြေညာချက်ထုတ်ခဲ့သည်

---------------------------------------
251 / End