၆ အောက်တိုဘာ ၂၀၁၅ - ၁၈:၂၁
မြန်မာအပါအ၀င် ရာသီဥတုပြောင်းလဲမှု ခံစားနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများကို ဗြိတိန်အစိုးရ ပေါင်ခြောက်ဘီလီယံခန့် ထောက်ပံ့မည်

မြန်မာနိုင်ငံအပါအ၀င် ရာသီဥတု ပြောင်းလဲခြင်း ခံစား နေရသော ဖွံ့ဖြိုးဆဲနိုင်ငံများကိုဗြိတိန်အစိုးရက ပေါင် ၅ ဒသမ၈ ဘီလီယံခန့် ထောက်ပံ့သွားမည်ဟု ယူကေအစိုးရက သတင်းထုတ်ပြန်လိုက်သည်။ ရာသီဥတု ပြောင်းလဲခြင်း ကြောင့် ထိခိုက်ခံစားနေရသော နိုင်ငံများကို ဗြိတိန်အစိုးရက ၂၀၁၆ တွင် စတင်ထောက်ပံ့မည်ဖြစ်ပြီး ၂၀၁၆ မှ ၂၀၂၁ ကာလကို ပေါင်၅ဒသမ၈ ဘီလီယံထောက်ပံ့မည် ဟု ဗြိတိန်ဓနသဟာယရုံးက ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။ ဗြိတိန် အစိုးရက ခါတိုင်း ထောက်ပံ့နေကျ ငွေကြေးထက် လာမည့်နှစ်တွင် ၅၀ ရာခိုင်နှုန်းခန့်တိုးမြှင့်ထောက်ပံ့ခြင်း ဖြစ်သည်။ ယခုထောက်ပံ့မည့် ငွေကြေးသည် ၂၀၂၀ တွင် ထောက်ပံ့ရန် လျာထားသည့် ပေါင် ၁ဒသမ၇၆ ဘီလီယံလည်း ပါဝင်သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

 မြန်မာနိုင်ငံအပါအ၀င် ရာသီဥတု ပြောင်းလဲခြင်း ခံစား နေရသော ဖွံ့ဖြိုးဆဲနိုင်ငံများကိုဗြိတိန်အစိုးရက ပေါင် ၅ ဒသမ၈ ဘီလီယံခန့် ထောက်ပံ့သွားမည်ဟု ယူကေအစိုးရက သတင်းထုတ်ပြန်လိုက်သည်။

ရာသီဥတု ပြောင်းလဲခြင်း ကြောင့် ထိခိုက်ခံစားနေရသော နိုင်ငံများကို ဗြိတိန်အစိုးရက ၂၀၁၆ တွင် စတင်ထောက်ပံ့မည်ဖြစ်ပြီး ၂၀၁၆ မှ ၂၀၂၁ ကာလကို ပေါင်၅ဒသမ၈ ဘီလီယံထောက်ပံ့မည် ဟု ဗြိတိန်ဓနသဟာယရုံးက ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။

ဗြိတိန် အစိုးရက ခါတိုင်း ထောက်ပံ့နေကျ ငွေကြေးထက် လာမည့်နှစ်တွင် ၅၀ ရာခိုင်နှုန်းခန့်တိုးမြှင့်ထောက်ပံ့ခြင်း ဖြစ်သည်။ ယခုထောက်ပံ့မည့် ငွေကြေးသည် ၂၀၂၀ တွင် ထောက်ပံ့ရန် လျာထားသည့် ပေါင် ၁ဒသမ၇၆ ဘီလီယံလည်း ပါဝင်သည်။

‘‘ရာသီဥတု ပြောင်းလဲခြင်း က သဘာဝပတ်ဝန်းကျင်တစ်ခု တည်းကိုပဲ ခြိမ်းခြောက်တာ မ ဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ စီး ပွားရေး၊ ဆင်းရဲမွဲတေမှု၊ ကမ္ဘာ လုံးဆိုင်ရာ လုံခြုံရေးကိုပါ ခြိမ်း ခြောက်နေပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံ တွေကလည်း ဒီရိုက်ခတ်မှုကို ရင်ဆိုင်နေရတယ်။ အဲဒါကြောင့် အနာဂတ်မှာ လုံခြုံတဲ့ အာမခံချက်ပေးပြီး ကာဗွန်မြင့်မားမှုကို လျှော့ချစေတဲ့ သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်ခြင်းတွေကို တိုးပွားလာဖို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ယူကေအစိုးရက ထောက်ပံ့နေခြင်း ဖြစ်ပါတယ်’’ဟု စွမ်းအင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအတွင်းရေးမှူး Amber Rudd က ပြောသည်။

၂၀၀၉ ခုနှစ် ကိုပင်ဟေဂင် တွင် ကျင်းပခဲ့သည့် ရာသီဥတု ပြောင်းလဲခြင်း ကွန်ဗင်းရှင်း အခမ်းအနား၌ ဖွံ့ဖြိုးဆဲနိုင်ငံများကို ထောက်ပံ့ရန် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကွန်ဗင်း ရှင်းက အမေရိကန်ဒေါ်လာဘီလီယံ ၁၀၀ သတ်မှတ်ခဲ့သည်။ ယင်းပမာဏကို လာမည့် ၂၀၂၀ တွင် စတင်တိုးမြှင့်ရန် နိုင်ငံများက သ ဘောတူခဲ့သည်။ ၂၀၂၀ တွင် မည်သည့်စီးဆင်းပုံစံဖြင့် ပေးမည်ကို မသိရှိရသေးပေ။

ယင်းသဘောတူညီချက်အ ရ ဗြိတိန်အစိုးရက ထောက်ပံ့ခြင်းဖြစ်သည်။ ထို့အပြင် ယူကေအစိုးရက ဖွံ့ဖြိုးဆဲနိုင်ငံများကို ထောက်ပံ့ရန် သတ်မှတ်ထားသည့် အမေရိ ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ရန်ပုံငွေသည် သင့်တော်သည့် ရန်ပုံငွေဖြစ်သည်ဟု ထောက်ခံထားသည်။နိုင်ငံများသည် ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချခြင်းကို လုပ် ဆောင်ရမည်ဖြစ်ပြီး ထိုသို့လုပ် ဆောင်သော နိုင်ငံများကိုသာ ရန် ပုံငွေက ထောက်ပံ့သွားမည် ဖြစ် သည်။ ရာသီဥတုပြောင်းလဲခြင်း နှင့် ဆက်စပ်သော မိုးခေါင်ခြင်း၊ ရေကြီးခြင်းနှင့် အစွန်းရောက်ရာ သီဥတုဖောက်ပြန်မှုကို လျှော့ချ ရေးအတွက် ရည်မှန်းထားသည့် ငွေကြေးဖြစ်သည်။


---------------------------------------
251 / End