((ဗာစေသွန်(န)) باسطٌ
ဂုဏ်တော် ၏ အဓိပ္ပာယ် နှင့် ၎င်း၏ အစွမ်း သတ္တိတော်အား အကျဉ်းဖော်ပြလိုက်ပါသည်။
အဓိပ္ပာယ် - ဖွင့်လှစ်ပေးတော်မူ သည့် အရှင် ၊ချောင်လည် ကျယ်ဝ စေတော်မူသည့် အရှင်
ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင်သည့်အကြိမ်ပေါင်း - (یبسط) ပုံစံဖြင့် ၁၀ ကြိမ် လာရှိပါသည်။
စွမ်းရည် သတ္တိတော်များ
၁။ အေမာမ်ရေဇာ (အ.စ)မိန့်တော် မူ၏ ။ အကြင် မည်သူ မဆို ဇဲဟ်ရီအချိန် သွာဟာရသ်
(ဝဇူ (သို့) ဂိုစ် (သို့) သယာမွန် ) ဖြင့် လက်နှစ် ဖက်အား အပေါ်မြှောက်ပြီး (ယာဗာစေသို)
၁၀ ကြိမ် ဖတ်ရွတ် ပြီး မိမိ၏ မျက်နှာ အားပွတ်သပ်ပေး မည်ဆို လျင် လိုလားတောင့်တ ခြင်း ကင်းမဲ့ မည် ဖြစ်ပါ သည်။
၂။ ဤဂုဏ်တော် သည် ဟဇရသ် မီကာအီးလ် (အ.စ) အမြဲ ဖတ်ရွတ်နေသည့် ဇေက်ရ်တော်များ မှတစ်ခု ဖြစ်ပါသည်။
အမြဲအစဉ် ဖတ်ရွတ်ခြင်း ဖြင့် နှလုံးသားကို လင်းဝင်းစေပါသည်။
၃။ အစဉ်အမြဲ ဖတ်ရွတ်ခြင်း ဖြင့် ဥစ္စာပစ္စည်း ပေါများမှု ၊သားသမီးများစွာ ထွန်းကားမှု ၊ စားနပ် ရိက္ခာ ချောင်လည်မှု ကို ဖြစ်စေပါသည်။
***