အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
တူရကီနိုင်ငံ မြို့တော်အန်ကာရာတွင် ငြိမ်းချမ်းရေးချီတက်ပွဲအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦး၏တုံ့ပြန်မှုကို မြင်တွေ့ရစဉ်။ စက္ကန့်ပိုင်းသာခြားသော ပေါက်ကွဲမှုနှစ်ခုကြောင့် အနည်းဆုံး လူ ၈၆ ဦး သေဆုံးခဲ့သည်။ (Tumay Berkin/reuters)
တူရကီနိုင်ငံ မြို့တော် အန်ကာရာ ရထားဘူတာရုံကြီးပြင်ပတွင် ပြုလုပ်သည့် ကာ့ဒ်လူမျိုး ထောက်ခံသူများနှင့် လက်ဝဲတက်ကြွလှုပ်ရှားသူများ၏ လူထုစုဝေးပွဲ၌ မသင်္ကာသူ အသေခံဗုံးခွဲသူနှစ်ဦး၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၈၆ ဦး သေဆုံးပြီး ၁၈၆ ဦး ဒဏ်ရာရရှိခဲ့ သည်။
ယင်းမှာ တူရကီနိုင်ငံတွင် လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်သည်။
‘‘တခြားအကြမ်းဖက်တိုက် ခိုက်မှုတွေလိုပါပဲ။ အန်ကာရာ ဘူတာရုံ တိုက်ခိုက်မှုဟာ ကျွန် တော်တို့ရဲ့ စည်းလုံးညီညွတ်မှု၊ ညီအစ်ကိုစိတ်ဓာတ်နဲ့ အနာဂတ် ကို ပစ်မှတ်ထားတာပါ’’ဟု တူရ ကီ သမ္မတ အာဒိုဂန်က ထုတ်ပြန် ချက်တစ်ရပ်တွင် ပြောကြားပြီး သွေးစည်းညီညွတ်မှုနှင့် စိတ် ဓာတ်ခိုင်မာမှုပြသကြရန် တိုက် တွန်းလိုက်သည်။
ယင်းပေါက်ကွဲမှုတွင် လူ ပေါင်း ၈၆ ဦး သေဆုံးခဲ့ပြီး ၁၈၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် ၂၈ ဦးမှာ အထူးကြပ်မတ် ကုသဆောင်၌ ဆေးကုသမှုခံယူနေရသည်ဟု ပြောကြားသည်။
လူအသေအပျောက်စာရင်းမှာ တိုးလာနိုင်သည်။
သို့သော် ယင်းတိုက်ခိုက်မှု မှာ မည်သူ့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသော အဖွဲ့ မရှိသေးပေ။
တူရကီနိုင်ငံ အရှေ့တောင် ပိုင်းတွင် ကာ့ဒ်လူမျိုး စစ်သွေးကြွ များနှင့် တူရကီလုံခြုံရေးတပ်ဖွဲ့ များကြား ပဋိပက္ခဖြစ်ပွားခြင်းကို ကန့်ကွက်ဆန္ဒပြရန် စီစဉ်ထား သော ချီတက်ပွဲအတွက် လူအ များ စုဝေးကြစဉ် ဗုံးနှစ်လုံး စက္ကန့် ပိုင်းသာခြား၍ ပေါက်ကွဲခြင်းဖြစ် သည်ဟု မျက်မြင်သက်သေများ က ပြောသည်။
ကာ့ဒ်လူမျိုးနှင့် အစ္စလာမ် မစ် စစ်သွေးကြွများဟု သံသယရှိ သူ ရာပေါင်းများစွာ ရှိနေသော နေတိုးအဖွဲ့ဝင် တူရကီနိုင်ငံသည် အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ် လူမျိုးများ၏ PKK ပါတီ အခြေ စိုက်စခန်းများနှင့် ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်စစ်သွေးကြွများ အပေါ် ဇူလိုင်လက လေကြောင်း တိုက်ခိုက်မှုများ စတင်ပြီး နောက် ပိုင်း လုံခြုံရေးသတိ တိုးမြှင့်ထား သည်။
‘‘အရမ်းကြီးမားတဲ့ လူအစု လိုက်အပြုံလိုက် သတ်ဖြတ်မှု၊ ရက်စက်တဲ့၊ ဆိုးရွားတဲ့ တိုက် ခိုက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်’’ ဟု ကာ့ဒ်လူမျိုးများပေါ် ထောက်ခံ သော HDP ပါတီခေါင်းဆောင် ဒီမီတာ့စ်က သတင်းထောက်များ အား ပြောသည်။
ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီး နောက် ၀န်ကြီးချုပ် ဒါဗူတိုဂလူက ၎င်း၏ လာမည့်သုံးရက်အတွက် မဲဆွယ်ရေး အစီအစဉ်များကို ဖျက်သိမ်းလိုက်ပြီး ထိပ်တန်းအ ရာရှိများနှင့် အရေးပေါ် ဆွေးနွေး ရန် စီစဉ်ထားသည်။
---------------------------------------
251 / End
၁၁ အောက်တိုဘာ ၂၀၁၅ - ၀၄:၅၀
News ID: 714556
တူရကီနိုင်ငံ မြို့တော်အန်ကာရာတွင် ငြိမ်းချမ်းရေးချီတက်ပွဲအတွင်း ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦး၏တုံ့ပြန်မှုကို မြင်တွေ့ရစဉ်။ စက္ကန့်ပိုင်းသာခြားသော ပေါက်ကွဲမှုနှစ်ခုကြောင့် အနည်းဆုံး လူ ၈၆ ဦး သေဆုံးခဲ့သည်။ (Tumay Berkin/reuters) တူရကီနိုင်ငံ မြို့တော် အန်ကာရာ ရထားဘူတာရုံကြီးပြင်ပတွင် ပြုလုပ်သည့် ကာ့ဒ်လူမျိုး ထောက်ခံသူများနှင့် လက်ဝဲတက်ကြွလှုပ်ရှားသူများ၏ လူထုစုဝေးပွဲ၌ မသင်္ကာသူ အသေခံဗုံးခွဲသူနှစ်ဦး၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၈၆ ဦး သေဆုံးပြီး ၁၈၆ ဦး ဒဏ်ရာရရှိခဲ့ သည်။ ယင်းမှာ တူရကီနိုင်ငံတွင် လူအသေအပျောက် အများဆုံး တိုက်ခိုက်မှုဖြစ်သည်။