၁၇ နိုဝင်ဘာ ၂၀၁၅ - ၁၉:၄၉
ကျောင်းသားများ အစာငတ်ခံ ဆန္ဒပြမှု အချိန်ရွှေ့ဆိုင်းပေးရန် အဖွဲ့ ၁၁ ဖွဲ့ မေတ္တာရပ်ခံ

ပြည်သူလူထု၏ စိုးရိမ်ပူ ပန်မှုအား အချိန်အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ရန် ကျောင်းသားများ အစာငတ်ခံဆန္ဒ ပြမှုကို ငြိမ်းချမ်းစွာ အာဏာလွှဲ ပြောင်းမှုဖြစ်ချိန်အထိ ရွှေ့ဆိုင်းပေးရန် အဖွဲ့ ၁၁ ဖွဲ့က မေတ္တာရပ်ခံလိုက်သည်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အစာငတ်ခံဆန္ဒပြနေသော သပိတ်မှောက်ကျောင်းသားခေါင်းဆောင်အချို့ ရန်ကုန်ဆေးရုံကြီးသို့ရောက်ရှိလာစဉ် (ဓာတ်ပုံ - ကျော်ဇင်သန်း)


 ပြည်သူလူထု၏ စိုးရိမ်ပူ ပန်မှုအား အချိန်အတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်ရန် ကျောင်းသားများ အစာငတ်ခံဆန္ဒ ပြမှုကို ငြိမ်းချမ်းစွာ အာဏာလွှဲ ပြောင်းမှုဖြစ်ချိန်အထိ ရွှေ့ဆိုင်းပေးရန် အဖွဲ့ ၁၁ ဖွဲ့က မေတ္တာရပ်ခံလိုက်သည်။


အစာငတ်ခံ ဆန္ဒပြသော တောင်းဆိုချက်များသည် တရား မျှတသော တောင်းဆိုချက်များဟု လက်ခံယုံကြည်သော်လည်း တစ် တိုင်းပြည်လုံးမှ ပြည်သူလူထု သည် အပြောင်းအလဲအတွက် ပြတ်သားစွာ မဲပေးခဲ့ပြီး ငြိမ်းချမ်းစွာ အာဏာ လွှဲပြောင်းနိုင်ရေးအတွက် မျှော် လင့်စိုးရိမ်နေကြောင်း မေတ္တာရပ်ခံချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုမှု ကြောင့် လက်ပံတန်းမြို့တွင် အ ကြမ်းဖက်ဖြိုခွင်းခံရသော ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂမှ ကျောင်းသားနှင့် ၀န်းရံ ပြည်သူအချို့သည် အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်ပြီး ကျောင်းသားအချို့ ကျန်းမာရေး ဆိုးရွားလာသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရသည်။

အစာငတ်ခံဆန္ဒပြနေမှု ရွှေ့ဆိုင်းပေးရန် နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့၊ ညီညွတ် သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ၇၄-၇၅-၇၆ သပိတ်မှောက် အ ကျဉ်းကျအလုပ်သမားဟောင်း ကြီးများ ကွန်ရက်၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ ဟံသာ ၀တီဦးဝင်းတင်ဖောင်ဒေးရှင်း၊ နိုင်ငံရေးလှုပ်ရှားမှုကော်မတီ (141 Plus)၊ မျိုးဆက်လှိုင်း၊ ရန် ကုန်ပြည်သူ့အကျိုးဆောင်ကွန် ရက်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင် အားစု၊ အကသ (၈၈ မျိုးဆက်) နှင့် ဗကသများအဖွဲ့ချုပ် (မြေ လတ်ဒေသ)တို့က ပူးပေါင်းထုတ် ပြန်ခြင်းဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူနေသော ကျောင်းသား များအား ဒေါ်အောင်ဆန်းစုကြည်က အကူးအပြောင်းကာလတွင် မီးစတစ်စဖြစ်မည် စိုးရိမ်သည့်အတွက် အစာငတ်ခံတိုက်ပွဲဝင်မှုကို ရပ်တန့်ရန် မေတ္တာရပ်ခံခဲ့သည်။


===================================
251 / End