၁၁ ဒီဇင်ဘာ ၂၀၁၅ - ၁၉:၃၈
 အကြမ်းဖက် အစွန်းရောက် အဖွဲ့များ ဟာ အစ္စလာမ် ဘာသာနှင့် လုံးဝ မပတ်သက်ပါ

ဂျာမဏီ ကက်သလစ် ဗဟိုကော်မတီ ဥက္ကဋ္ဌ အနေဖြင့် မွတ်စလင်မ် များကို အစွန်းရောက် အကြမ်းဖက် အဖွဲ့ IS အားတော်လှန်ရန် စုပေါင်း ပြီး ညီညွတ်စွာ တိုက်ထုတ်ဖို့မေတ္တာ ရပ်ခံခဲ့ပါတယ်။ ပြီးနောက်၎င်း မှ အကြမ်းဖက် အစွန်းရောက် အဖွဲ့ IS ဟာ အစ္စလာမ် ဘာသာနှင့် လုံးဝ မပတ်သက် ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းအကြမ်းဖက် အစွန်းရောက်အဖွဲ့ IS ကို စလ်မန် ရိုရှ်ဒီ (လ.န) ကို သတ်မိန့် ဖသ်ဝါ ပေးထားသလို ဖသ်ဝါ ထုတ်သင့်ကြောင်း လည်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

Rasa သတင်း ဌာန ၏ သတင်း အရ ဂျာမဏီ ကက်သလစ် ဗဟိုကော်မတီ ဥက္ကဋ္ဌ မစ္စတာ ThomasSternBerg အနေဖြင့် မွတ်စလင်မ် များကို အစွန်းရောက် အကြမ်းဖက် အဖွဲ့ IS အားတော်လှန်ရန် စုပေါင်း ပြီး ညီညွတ်စွာ တိုက်ထုတ်ဖို့မေတ္တာ ရပ်ခံခဲ့ပါတယ်။

ပြီးနောက်၎င်း မှ အကြမ်းဖက် အစွန်းရောက် အဖွဲ့ IS ဟာ အစ္စလာမ် ဘာသာနှင့် လုံးဝ မပတ်သက် ကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းအကြမ်းဖက် အစွန်းရောက်အဖွဲ့ IS ကို စလ်မန် ရိုရှ်ဒီ (လ.န) ကို သတ်မိန့် ဖသ်ဝါ ပေးထားသလို ဖသ်ဝါ ထုတ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ThomasSternBerg အနေဖြင့် Zeitun Osnabrueck   modern သတင်းဌာန နှင့် အမေးအဖြေ ပြောကြားရင် ဂျာမဏီ ကက်သလစ် ဗဟိုကော်မတီ ဖက် မှ မွတ်စလင်မ် များ နှင့် ပူးပေါင်းပြီး မွတ်စလင်မ် များ ဆန့်ကျင်ရေး အတွက် ၎င်းတို့ကို သတ်ဖြတ်၊လုယက်နေသည့် ရာဇဝတ်မှုတွေကို တော်လှန် ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဥက္ကဋ္ဌမှ ဆက်လက်ပြီး ပြောကြားခဲ့ပါတယ်။ IS အဖွဲ့ မှ လုပ်ဆောင် နေသည့် လှုပ်ရှား မှု များ သည် အစ္စလာမ် သာသနာ နှင့်မည်သို့မျှ မပတ်သက်ကြောင်း ၊ သို့သော် ဒီအဖွဲ့ ဟာ အစ္စလာမ် အမည်နဲ့ လှုပ်ရှားမှုတွေ ကို လုပ်ပြီး အလွဲသုံးစား လုပ်နေကြောင်း ၊ မနုဿ လူသား အနေဖြင့် ကောင်းမှု နဲ့ မကောင်း မှု ကို မခွဲခြား နိုင်တော့သည့် အချိန် ဒီလို့ အကြမ်းဖက် အစွန်းရောက် အဖွဲ့များ ၏ နောက်လိုက်ဖြစ်သွား ရတာ အံ့သြဖို့ မလိုကြောင်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ThomasSternBerg အနေဖြင့် ဆက်လက် ပြောပါတယ်။ ကျနော် အနေဖြင့် လောကတွင် မမှန်ကန်တဲ့ လုပ်ရပ် ကို အလ္လာဟ် ဟို အရှင်မြတ် အတွက်ဆိုပြီး သတ်ဖြတ်၊ လုယက် နေမှု စပြီးထိုး စစ်၊ စီစဉ်နေမှု အတွက် စိုးရိမ် မိပါတယ်။

ဤ လူသတ်ဂိုဏ်း အကြမ်းဖက်သမား ၊အစွန်းရောက်များ ကို စလ်မန် ရိုရှ်ဒီ (လ.န) ကို သတ်မိန့် ဖသ်ဝါ ပေးထားသလို ဖသ်ဝါ ထုတ်ဖို့ အရေးကြီး ကြောင်း လည်း မစ္စတာ ThomasSternBerg မှ ပြောကြားခဲ့ပါတယ်။

===============================

251 / End