၂၀ ဒီဇင်ဘာ ၂၀၁၅ - ၂၀:၂၈
ဘရူနိုင်းတွင် ခရစ္စမတ်ပါတီပွဲဆင်နွှဲသူကို ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်မည်

အဗ်နာ ။ ။ ဤအမိန့် ဟာ အခြား အစ္စလာမ့်မဟုတ်သူများ အတွက်ပါ ထုတ်ပြန်ထားသည့် အတွက် အစွန်းရောက်နေပါတယ်။ မွတ်စလင်မဟုတ်တဲ့နိုင်ငံ တစ်ခု မှာ ဗလီအသစ် ဘာသာရေးကျောင်းအသစ် ၊ချက်စ်ကျောင်း အသစ် မန်ဒဲလ် အသစ် စ သည်တို့ကို ဆောက်ခွင့်မပေးသည့် အမိန့် နှင့် သိပ်မခြား နားပေ။ ရှီအာ မွတ်စလင်မ် အစိုးရအုပ်ချုပ်သည့် ပြည်ထောင်စု အစ္စလာမ်မစ်အီရန် နိုင်ငံတွင် လွတ်တော်ကိုယ်စားလှယ်များ အတွင်း စွန်နီ ၊ခရစ်ယာန် ၊ရဟူဒီ စသည် ဘာသာဝင် တို့၏ ကိုယ်စားလှယ်များလည်း တည်ရှိနေပါတယ်။ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ



ဘုရင်စနစ်နဲ့အုပ်ချုပ်တဲ့ ဘရူနိုင်းနိုင်ငံဟာ ဒီနှစ်ဧပြီလအစောပိုင်းတုန်းက အစ္စ လာမ်ဘာသာရေး အယူဆအရ လူတယောက်ကို ကျောက်တုံးနဲ့ မသေမချင်းထုသတ်နိုင်တဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ကမ္ဘာတလွှားက ဝေဖန်မှုတွေလုပ်နေချိန်မှာပဲ နောက်ထပ်ဥပဒေတခုကို ထုတ်ပြန်လိုက်ပါတယ်။

ခရစ္စမတ်ပါတီဆင်နွှဲမယ့် ဘယ်သူ့ကိုမဆို ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်နိုင်တယ်ဆိုတဲ့ ဥပဒေကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ခုလိုတားမြစ်တာဟာ အစ္စလာမ်ဘာသာထက် တခြားဘာသာတွေ ပြန့်ပွားဖို့ကို တားမြစ်တာလို့ ဘရူနိုင်းနိုင်ငံသာသနာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဘရူနိုင်းနိုင်ငံမှာ အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာဝင် ဦးရေဟာ အကြမ်းအားဖြင့် နိုင်ငံလူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းသာရှိနေတာပါ။

ဘရူနိုင်းနိုင်ငံအစိုးရ သတင်းထုတ်ပြန်ချက်မှာ အစ္စလာမ်နိုင်ငံတွေမှာ နေထိုင်ကြတဲ့ တခြားဘာသာဝင်တွေအနေနဲ့ နိုင်ငံရဲ့ချမှတ်တဲ့ ဥပဒေအောက်မှာ နေထိုင်ကြရမယ်လို့ ဖော်ပြထားတာပါ။

bummmစီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း ခရစ္စမတ်ပွဲတော်ကာလမှာ အများပြည်သူ ထင်သာမြင်သာဖြစ်အောင် အလှဆင်ပြသထားတာတွေကို ပြန်လည်ဖြုတ်ချရမှာဖြစ်ပြီး အခုချမှတ်ထားတဲ့ ဥပဒေအတိုင်း ပူးပေါင်းဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။

အခုနောက်ဆုံးချမှတ်လိုက်တဲ့ ဘရူနိုင်းနိုင်ငံရဲ့ ပြစ်မှုဆိုင်ရာဥပဒေကို အသက် ၆၈ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဘရူနိုင်းဘုရင် ဟာဆန်နာဘော်လ်ကီယာရဲ့ ခွင့်ပြုချက်နဲ့ အကောင်အထည်ဖော်သွားမယ်လို့ မလေးရှားနိုင်ငံအခြေစိုက် ကာဗာရေ့ခ်ျသတင်းမှာ ဖော်ပြပါတယ်။

=================================

251 / End