အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
သီလ၀ါဆိပ်ကမ်းသို့ရောက်ရှိလာသည့်ကားများ/ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
လာမည့်ဘဏ္ဍာနှစ် ၂၀၁၆-၁၇ အတွက် တစ်နိုင်ငံလုံးမှ အခွန်ကျပ်ဘီလီယံ ခြောက် ထောင်ကျော်ကောက်ခံရန် လျာ ထားပြီး ၂၀၁၅-၁၆ တွင် ကောက်ခံရန် သတ်မှတ်ထားသည့် ပမာဏထက် ကျပ်ဘီလီယံ ၂၇၀ ပိုမို ကောက်ခံမည်ဟု ၂၀၁၆ ပြည် ထောင်စုအခွန်အကောက်ဥပဒေ ကြမ်း၌ ပြဋ္ဌာန်းထားသည်။
လက်ရှိ ၂၀၁၅-၁၆ ဘဏ္ဍာ ရေးနှစ်တွင် အခွန်ကောက်ခံရ ငွေ ကျပ် ၅,၉၄၈ ဘီလီယံခန့်ရရှိ ရန် လျာထားခဲ့ပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ကျပ် ၆,၂၁၈ ဘီလီယံလျာထားကြောင်း ဥပဒေ၌ ဖော်ပြထားသည်။
ကုန်ထုတ်လုပ်မှုနှင့် ပြည် တွင်းသုံးစွဲမှုအပေါ်တွင် အခွန် ကျပ်ဘီလီယံ ၂,၄၀၀ ကျော်ကောက်ခံရန် လျာထားပြီး ၀င်ငွေနှင့် ပိုင်ဆိုင်မှုအပေါ်၌ ကျပ်ဘီလီယံ ၂,၃၀၀ ကျော်ကောက်ခံရန် လျာထားကြောင်း ပြည်ထောင်စုအခွန်အကောက်ဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည်။
ပြည်ပမှတင်သွင်းသည့် ပစ္စည်းများအပေါ်တွင် အကောက် ခွန်ဌာနက အခွန်ကျပ် ၄၇၀ ဘီလီယံကောက်ခံရန် လျာထားကြောင်း အဆိုပါဥပဒေကြမ်း၌ ပြဋ္ဌာန်း ထားသည်။
မြေယာခွန်၊ ရေခွန်၊ တာတမံခွန်၊ သစ်တောခွန်၊ ငါးလုပ်ငန်း ဆိုင်ရာအခွန်အခ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်ယူသည့်အခွန်၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ် ငန်းအတွက် ကောက်ခံသည့် အ ခွန်အခနှင့် ရေအားအရင်းအမြစ် မှ လျှပ်စစ်ဓာတ်အားထုတ်ယူ သည့်အတွက် အခမဲ့ရရှိသည့် ဓာတ်အားခများဖြစ်သည့် နိုင်ငံပိုင်သယံဇာတများထုတ်ယူသုံးစွဲမှု ပေါ်တွင် ကျပ်ဘီလီယံ ၈၈၀ ကျော်ကောက်ခံရန် လျာထားကြောင်း အဆိုပါဥပဒေကြမ်းတွင် ပြဋ္ဌာန်း ထားသည်။
‘‘ဥပဒေကြမ်းကို လွှတ်တော် မှာ ဌာနဆိုင်ရာတွေက ထပ်ပြီး ဆွေးနွေးဦးမယ်။ လွှတ်တော်မှာ ဆွေးနွေးပြီးမှ အတည်ပြုကောက် ခံမှာပါ။ ဒီဘဏ္ဍာနှစ်မကုန်ခင်တော့ အတည်ပြုနိုင်မှာပါ’’ဟု ပြည်တွင်းအခွန်များဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
၂၀၁၆ အခွန်အကောက်ဥပ ဒေကြမ်းတွင် စီးကရက်နှင့် အ ရက်ရောင်းရငွေပေါ်၌ ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်မှလွဲ ၍ ကျန်ကုန်စည်များပေါ်တွင် ကောက်ခံသည့် အခွန်နှုန်းထားသည် ၂၀၁၅-၁၆ ၌ ကောက်ခံသည့် နှုန်းထားများအတိုင်း ပြောင်းလဲခြင်းမရှိကြောင်း သတင်းရရှိသည်။
အခွန်လျာထားချက် ကျပ် ၅,၉၄၈ ဘီလီယံအတွက် ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက် (၂၀၁၅ ဧပြီမှစက်တင်ဘာအထိ) အခွန် ၂,၃၇၅ ဘီလီယံရရှိထားပြီးဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တစ်နှစ်လုံးတွင် အခွန်ကျပ်ဘီလီယံ ၄,၄၀၀ ကျော်သာရရှိခဲ့ သည်။
‘‘အခွန်တွေက တစ်နှစ်ထက် တစ်နှစ်တိုးလာတာ။ အခွန်ယဉ် ကျေးမှုပိုရှိလာတဲ့သဘောပေါ့။ ပိုဆောင်လာကြတယ်။ ဒီကိန်း ဂဏန်းတွေကတော့ လျာထားတဲ့ အဆင့်ပဲရှိပါသေးတယ်။ တကယ့် တကယ် ဘယ်လိုတိုးရနိုင်မလဲ။ ဘယ်ကဏ္ဍတွေမှာ ပိုတိုးကောက် မလဲဆိုတာကတော့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အသေးစိတ်အစီ အစဉ်တွေ ပြန်ဆွဲရဦးမှာပေါ့။ အဲဒီတော့မှ ဒီနှစ်ထက် အမှန် တကယ်ပိုရနိုင်၊ မရနိုင်ပြောလို့ရ မှာ’’ဟု ပြည်တွင်းအခွန်များဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
တစ်နှစ်လုံးရောင်းရငွေ ကျပ် သိန်း ၂၀၀ ထက်မပိုသည့် စီးပွား ရေးလုပ်ငန်းများသည် ကုန်သွယ် လုပ်ငန်းခွန်ကင်းလွတ်ခွင့်ရှိ ကြောင်း ယင်းဥပဒေကြမ်းတွင် ပြဋ္ဌာန်းထားသည်။
-------------------
ကုန်ပစ္စည်းအမျိုးအစားကုန်သွယ်လုပ်ငန်းခွန်
၁။ကျွန်း၊ သစ်မာသစ်လုံးနှင့် အခြေခံအဆင့်ခွဲစိတ်ထားသည့်သစ်ခွဲသားများ (၂၅ ရာခိုင်နှုန်း)
၂။ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊မြ၊ စိန်နှင့် အခြားအဖိုးတန်ကျောက်မျက်အရိုင်းထည်များ(၁၅ ရာခိုင်နှုန်း)
၃။ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန်ကျောက်ကျောက်မျက်ရတနာအချောထည်များ(၅ ရာခိုင်နှုန်း)
၎။အင်ဂျင်ပါဝါ ၁၈၀၀ စီစီနှင့်အထက် ဗင်ကားများ၊ ဆလွန်း၊ ဆီဒင်နှင့်ဝက်စ်ဂွန် (၂၅ ရာခိုင်နှုန်း)
၅။ရေနံဆီ၊ ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ဂျက်လေယာဉ်ဆီရောင်းရငွေ (၁၀ ရာခိုင်နှုန်း)
၆။သဘာဝဓာတ်ငွေ့ရောင်းရငွေ (၈ ရာခိုင်နှုန်း)
==================================
251/End