၂၇ ဒီဇင်ဘာ ၂၀၁၅ - ၁၂:၁၈
(အစ္စလာမ့် စည်းလုံးညီညွတ်ရေး ပါတီ ) ညီလာခံ တွင် အီရန် သမ္မတ ၏ မိန့်ခွန်း

ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ သမ္မတ ဒေါက်တာ ဟစန်ရှုဟာနီ မှ (အစ္စလာမ့် စည်းလုံး ညီညွတ်ရေး ပါတီ ) ညီလာခံ တွင် သာသနာ နှင့် မဟာတမန်တော်မြတ် ကြီးဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ မွန်မြတ်လှသည့် ဘဝထုံးနည်း အတိုင်း လက်တွေ့ လိုက်နာ ကျင့်သုံးဖို့ တိုက်တွန်းမိန့်ဆို ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဟစန်ရှုဟာနီ မှ ယနေ့ တနင်္ဂနွေနေ့တွင် ကျင်းပ သည့် ၂၉ ကြိမ်မြောက်  (အစ္စလာမ့် စည်းလုံး ညီညွတ်ရေး ပါတီ ) ညီလာခံ တွင် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အချို့ သာသနာ့ကျောင်းများတွင် သာသနာ နှင့် မဟာ တမန်တော်မြတ် ကြီးဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ မွန်မြတ် လှတဲ့ ဘဝထုံးနည်း အတိုင်း လက်တွေ့ လိုက်နာ ကျင့်သုံးဖို့ မလုပ်ဘဲ သူထက်ငါ အပြိုင် ယှဉ်ပြိုင်ဖို့ နှင့် အကြမ်းဖက်မှု ကို ဖြန့်ဖို့ လှုပ်ရှား နေတာ ကို ဝမ်းနည်းစွာ တွေ့နေရ ကြောင်း မိန်ဆိုခဲ့ပါတယ်။
သမ္မတအနေဖြင့် ညီလာခံ ၏ဖွင့်ပွဲ မိန့်ခွန်း တွင်  သက္က်ဖီးရီဝါဒ ၏ ပင်မ အရင်းအမြစ် ဟာ အစွန်း ရောက်သည့် အတွေးအခေါ် ၊(လော်ဂျစ်မကျသည့် ) ရှေ့ရိုးစွဲ နှင့် အကြမ်းဖက်မှု သာ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။ သမ္မတ မှဆက်လက်ပြီး ကောင်းကင်ကျ ကျမ်းရ ဘာသာ များ အားလုံး အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့် မဟုတ်သည့် အမိန့် များ ကို ရှောင်ကြဉ် ဖို့လိုကြောင်း မိန့်ဆိုခဲ့ ပါတယ်။
ဆက်လက်ပြီး သမ္မတ မှ အစ္စလာမ့် ကျောင်းများတွင် ၊ သောင်ဟီးဒ် နှင့်နဗူဝသ် ဆိုင်ရာသင်ခန်းစာများ ကို သင်ကြားပို့ချဖို့ စီစဉ်ရန်နှင့်  ((လာအေလာဟာ အစ်လ္လာဟ် )) ကို အခြေခံ အုတ်မြစ် အဖြစ် သတ် မှတ်ဖို့  တိုက်တွန်း မိန့် ကြားခဲ့ပါတယ်။
အီရန် သမ္မတ အနေဖြင့်ဆက်လက်ပြီး တိုးတက်ဖွံ့ ဖြိုး ဖို့ ခေတ်တိုင်း ခေတ်တိုင်းတွင် မဟာတမန်တော်မြတ် ကြီး  (ဆွ) ၏ ဘဝထုံး နှင့် စာရိတ္တ ကို စံနမူနာ ယူဖို့ အရေး ကြီးကြောင်း အခု လို အရေးကြီး ချိန်တွင် မီးလဒ် ဒေ နဘီ (ဆွ) ကျင်းပနေသည် ဖြစ် ကြောင်း ၊ တစ်ချိန် က အစ္စလာမ့် နိုင်ငံ များ အနေဖြင့် ရန်သူများ ၏ ကျူးကျော် မှု ကို  တော်လှန်ဖို့ အသိရှိခဲ့ကြပြီး ယနေ့ ဝမ်းနည်းလေစွ … အစ္စလာမ် နိုင်ငံ တစ်နိုင်ငံ က အခြား အစ္စလာမ် တစ်နိုင်ငံ ကို တိုက်ခိုက် နေ ကြောင်း  မိန့်ကြားခဲ့ပါတယ်။
ဒေါက်တာ ဟစန်ရှုဟာနီ မှ ဆက်လက်ပြီး အစ္စလာမ် နိုင်ငံများ မှာ အုပ်စု တစ်စု ဟာ သာသနာ အမည် ဂျေဟာဒ်အမည်ဖြင့် အခြားမွတ်စလင်မ် များကို ဆန်ကျင့်ဖို့ ဓားကိုင်နေကြောင်း (လက်နက် ကိုင်နေကြောင်း ) ပြီးနောက် လောကသားတွေ ကို ကိုယ်တော်မြတ် (ဆွ) (မအာဇလ္လာဟ်) အကြမ်းဖက် အစွန်းရောက်တဲ့ ပုံပေါ်အောင်လုပ်ပြနေကြကြောင်း ၊ အုပ်စု တစ်အုပ်စု က အစ္စလာမ် အမည် ခံပြီး အလ္လာဟ် အရှင်မြတ် အမည်ပါ အလံကို လွှင်ထူပြီး မွတ်စလင်မ်များ ကို သတ်ဖြတ်ဖို့သာ ဆိုင်းပြင်းနေကြောင်း ထို့မှသာ ဆွန်ယူဝါဒီ အစ္စရေးအစိုးရဖက် မွတ်စလင်မ်များ အတွေး မရောက် မှာ ဖြစ်ကြောင်းကို မစဉ်းစား ကြကြောင်း ၊အစ္စလာမ် သာသနာတော် ကို အကြမ်းဖက်သာသနာအဖြစ် ဝါဒဖြန့် နေကြောင်း ၊ အချို့ သူများ အနေဖြင့် အစ္စလာမ်ကို ရက်စက် ညှဉ်းပန်း အကြမ်းဖက် ၊ ကျူးကျော် သာသနာ အဖြစ်တင်ပြနေကြောင်း ဤလုပ်ရပ်များသည်  (ပါလက်စတိုင်းမြေကိုမတရား သိမ်းယူထားသည့် ) ဆွန်ယူ ဝါဒီ အစ္စရေး အစိုးရ အတွက် အကျိုး အမြတ် သာ ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။

(အစ္စလာမ့် စည်းလုံးညီညွတ်ရေး ပါတီ ) ညီလာခံ တွင် အီရန် သမ္မတ မိန့်ခွန်း ပြောကြား နေပုံ


အီရန် သမ္မတမှ ဆက်လက်ပြီး အကြမ်းဖက်မှုဟာ ဤအုပ်စု ၏ အစ္စလာမ် သာသနာ ကို မှန်ကန်စွာမသိနားမလည် ခြင်း၏ ရလာဒ် အတွေးအခေါ်များ ကြောင့်  ဖြစ်ကြောင်း ၊ အကြမ်းဖက်မှု နှင့် အစွန်းရောက်မှု ကိုသာ အသားပေး ဆွေးနွေး ပေးသည့် သာသနာ (အတု )ကို မလိုလားကြောင်း ၊ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
သမ္မတ အနေဖြင့် မေးခွန်းတစ်ခု ကိုလည်း မေးခဲ့ပါတယ်။ အကြမ်းဖက် အစွန်းရောက် မှု ဟာ ဘယ် အချိန် မှ စ၍ အစ ပျိုး ခဲ့ကြောင်း ၊ ၂နှစ်အရင် ကုလသမ္မဂ တွင် အကြမ်းဖက် အစွန်းရောက် မှု ကိစ္စ အတွက် အီရန် ဘက် မှ အကြံပြု အဆိုတင်သွင်းခဲ့ ကြောင်း ၎င်း အဆို ကို နိုင်ငံတကာ မှ လက်ခံ ကြိုဆို ခဲ့သော်လည်း လက်တွေ့ မကျင့်သုံး မှု ကိုဝမ်းနည်းစွာ တွေ့ ရကြောင်း ဒါကို ကြည့် ပြီး ကမ္ဘာ ကြီး ဟာ အကြမ်းဖက် အစွန်းရောက်မှု ကို ဆန်ကျင့်ရတွင် ကြိုးပမ်းရာ၌ ကောင်းသည့် နီယသ် ရှိ မရှိဆိုတာ ကို သိနိုင်ကြောင်း မိန့်ကြားခဲ့ပါတယ်။
ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဟစန်ရှုဟာနီ မှရှီအာ မွတ်စလင်မ် ဆန်ကျင့်ရေး ဝါဒဖြန့် အစီအစဉ်တွေကို လုပ်ဆောင်နေသည့် (မွတ်စလင်မ်) နိုင်ငံများ သည် မှားယွင်းသည့် အစီအစဉ် ကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အစ္စလာမ် နိုင်ငံများ စည်းလုံးညီညွတ် ကြပြီး အစ္စလာမ် ဘာသာဝင် နိုင်ငံ အနေဖြင့် တစ်ဦး နှင့်တစ်ဦး စည်းလုံး ဖို့ တိုက်တွန်း မိန့်ကြားခံပါတယ်။

================================================
251 /End