အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
Rasa သတင်းဌာန၏ သတင်း အရ လက်ဘနွန် နိုင်ငံ၏ ( ပြုပြင်ပြောင်းလဲရေး နှင့် စည်းလုံးညီညွတ် ရေး ) လှုပ်ရှားမှု အဖွဲ့ ဥက္ကဋ္ဌ ရှိက်္ခမာ ဟေရ် အဗ်ဒိုရ်ရဇာက် အနေဖြင့် (စည်းလုံးညီညွတ်ရေး ရက် သတ္တပတ် ) နှင့် မဟာတမန်တော်မြတ် ကြီး ဟဇရသ် မိုဟမ္မဒ် (ဆွ) ၏ မွေးဖွားသန့်စင်တော် မူသည့် နေ့ အထိမ်းအမှတ် နေ့ တွင် မိမိ အဖွဲ့ မှ ကျင်းပသည့် မဲဖေလ် တစ်ခု တွင် တင်ပြမှု ကိုပြုလုပ် ခဲ့ပါတယ်။ အစ္စလာမ့်ကမ္ဘာ အနေ ဖြင့် ယခုခေတ်ကာလ တွင် လူမျိုးရေး ပြဿနာ များကို တွေ့နေရပါတယ် ။ ဤပြဿနာ ကြောင့် ပတ်ဝန်းကျင်မှာ သတ်ဖြတ်မှု ၊လုယက် မှု ၊ ဖျက်စီးမှု အားကောင်းလာတာ ဖြစ်ကြောင်း လည်း ၎င်း မှ ပြောကြားခဲ့ပါတယ်။
၎င်းအာလင်မ်မှ ဆက်လက်ပြီး မွတ်စလင်မ်များ အနေဖြင့် လိမ္မာပါးနပ်ဖို့ လိုကြောင်း ၊ မွတ်စလင်မ်များ အချင်းချင်း ကွဲလွဲ၊မစည်းလုံး မှု ကြောင့် ဘယ်သူကို အကျိုး အမြတ် ဖြစ်နေကြောင်း ၊ အချင်းချင်း ကွဲလွဲ၊မစည်းလုံး မှု ကြောင့် မွတ်စလင်မ်များကို (မည်သည့် ) အကျိုးအမြတ်မှ မရှိ ကြောင်း အစ္စလာမ့်နယ်မြေ ကို ခွဲဝေ သတ်မှတ်နေခြင်း ဖြစ်ကြောင်း အချင်းချင်း ကွဲလွဲ၊မစည်းလုံး မှု ကြောင့် ဇီယွန် (ဆိုက်ယူနစ်) ဝါဒီ အစိုးရ အစ္စရေး နှင့် သက္က်ဖီးရီ အစွန်းရောက် တို့၏ အစေခံကျွန်တွေသာ အကျိုး အမြတ် ရနေကြောင်း ပြောကြားခဲ့ပါတယ်။
လက်ဘနွန် နိုင်ငံသား စွန်နီ အာလင်မ် မှဆက်လက်ပြီး မွတ်စလင်မ်များ အားလုံး အနေဖြင့် စည်းလုံးညီညွတ်ရေး အတွက် ခြေလှမ်းသင့် ကြောင်း ၊ စည်းလုံးညီညွတ် ရေးပျက်စီး စေမည့် အရာများကိုဖယ်ရှားပြီး တူညီနေသည့်အရာများ ကိုတွဲပြီးလုပ်ကိုင်ကြဖို့ အစ္စလာမ်ဘာသာဝင်များ ၏ အကျိုး အမြတ် နှင့် ပြပြင်ပြောင်းလဲမှု ကို ထိန်းသိမ်း နိုင်ရန် တွေးသင့်ကြောင်း ကို ပြောကြားခဲ့ပါတယ်။
ရှိက်္ခမာ ဟေရ် အဗ်ဒိုရ်ရဇာက် အနေဖြင့် လက်ဘနွန် နိုင်ငံ ၏ အခက်အခဲ အကျပ်အတည်း ဖက် သို့ မီးမောင်းထိုးပြောကြားခဲ့ပါတယ်။ လက်ဘနွန် နိုင်ငံ ၏ အခက်အခဲ အကျပ်အတည်းများကို ဖယ်ရှား နိုင်သည့် တစ်ခုတည်းသော် လမ်းမှာ အစ္စလာမ်သာသနာ၏ စည်းလုံးညီညွတ်ရေး ဆိုင်ရာအခြေခံ မှုဝါဒ အပေါ် လက်တွေ့ ကျင့်သုံး ခြင်း ၊ အချင်းချင်းဆွေးနွေးတိုင်ပင် စေ့စပ်ညှိနှိုင်း ခြင်း ကို အခြေခံ ခြင်း သာ ဖြစ်ပြီး ရန်သူ၏ အကွက်ချ အစီအစဉ်များ ကို တော်လှန် ဖျက်စီး နိုင်ခြင်းသာ ဖြစ်ပြီး လက်ဘနွန် နိုင်ငံ အောင်မြင်မှု ကို ဆွတ်ခူး နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
==========================================
251/End