အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီ သတင်းစာ ၏ အမေးအဖြေ ကဏ္ဍတွင် ဆော်ဒီဖွဖ်သီချုပ် အဗ်ဒိုလ်အဇီးဇ် ရှိက်္ခ အနေဖြင့် IS အဖွဲ့သည် အစ္စလာမ် ဘာသာနှင့် မွတ်စလင်မ် များကို ဆုံးရှုံး အောင် ပျက်စီး အောင် လုပ်နေကြ ကြောင်း ၊ ဤအတွက်ကြောင့် ဒီအဖွဲ့ကို အစ္စလာမ် ဘာသာကို လက်ခံသူများ အဖွဲ့ဟု ထည့်ပြီး စဉ်းစား ဖို့ပင်မလိုကြောင်း ၊ IS အဖွဲ့ ခေါင်းဆောင် အဗူဘကဲရ်ဘဂ္ဂဒတ်ဒီ မှ အော်ဒီယို တွင် အစ္စရေး စစ်တပ်ကို ကြိမ်းမောင်းခဲ့ ခြင်းမှာလည်း ၎င်း၏ လိမ် ညာနေမှု ၊လှည့်ဖျားမှု သာ ဖြစ်ကြောင်း အမှန် တကယ် IS အဖွဲ့ သည် အစ္စရေး စစ်တပ် ၏ အစိတ်အပိုင်း သာ ဖြစ်ပြီး ၎င်းတို့ အတွက်သာလှုပ်ရှား နေကြောင်း မိန့်ကြား ခဲ့ပါတယ်။
မှတ်သားစရာအချက်မှာ ပြီးခဲ့သည့် ရက် တွင် IS အစွန်းရောက် အဖွဲ့ ခေါင်းဆောင် အဗူ ဘကဲရ်ဘဂ္ဂဒတ်ဒီ မှ အော်ဒီယို တွင် မိမိနှင့် လုပ်ရပ်တူ အမည်ကွာ အစ္စရေး ကို ကြိမ်းမောင်း ပြော ဆိုခဲ့ပါတယ်။ အဗူ ဘကဲရ်ဘဂ္ဂဒတ်ဒီ မှ ပါလက်စတိုင်းမြေဟာ အစ္စရေး မြေ မဟုတ်ကြောင်း ၊ ဒီမြေ ဟာ အမြန် ဆုံး အစ္စရေး အတွက် သုသာန် ဖြစ်သွားရမည်ဖြစ်ကြောင်း ပြောဆိုကြိမ်းမောင်းခဲ့ပါတယ်။
အမှန်တကယ်တော့ အောက်တိုဘာလတွင် အီရန် သတင်းဌာန တစ်ခုမှ အကြမ်းဖက်ဂိုဏ်း IS နှင့် စစ်တိုက်ရင်း အစ္စရေး စစ်သားကိုလည်း ဖမ်းဆီးရခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ အီရန် ပြည်သူ့ တပ်မတော်၏ ခေါင်းဆောင် ဗိုလ်တစ်ဦးမှ လည်း အကြမ်းဖက်ဂိုဏ်း IS ၏ လှုပ်ရှားမှုများ အနောက်မှ အစ္စရေး ကြိုးကိုင်ထားကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။
============================
251/End